Monday, March 23, 2020

COVID-19 ရောဂါကာကွယ်ရေး ပစ္စည်းများနှင့်ဆေးဝါးများ တပ်မတော်က လှူဒါန်းခဲ့ပြီး COVID-19ရောဂါဖြစ်ပွားလာပါက လူနာများအားအသင့်လက်ခံကုသပေးနိုင်ရန် တပ်မတော်စီစဉ်ထားပြီးဖြစ်ဟုဆို

Image may contain: 7 people, people standing and indoor

COVID-19 ရောဂါကာကွယ်ရေး ပစ္စည်းများနှင့်ဆေးဝါးများ တပ်မတော်က လှူဒါန်းခဲ့ပြီး COVID-19ရောဂါဖြစ်ပွားလာပါက လူနာများအားလက်ခံကုသပေးနိုင်ရန် တပ်မတော်စီစဉ်ထားပြီးဖြစ်ကြောင်း တပ်မတော်က ဆိုပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းနှင့် ဆေးဝါးများအား နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနသို့ ပေးအပ် လှူဒါန်းခြင်း အခမ်းအနားကို မတ်လ ၂၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်-၁ဝဝဝ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
တပ်မတော်က COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းနှင့် ဆေးဝါးများ ပေးအပ်လှူဒါန်းရခြင်း အကြောင်းအားရှင်းလင်းပြောကြားပြီး ဆေးဝန်ထမ်းများ အတွက် ရောဂါကာကွယ်ရေး ဝတ်စုံ Personal Protective Equi-pment-PPE ၅ဝ စုံ၊ Surgical Mask ၁ဝဝဝ ခု၊ N95 Mask ၂ဝဝ ခု၊ Goggle မျက်မှန် ၆ဝ လက်နှင့် ရောဂါကုသဆေး Chloroquine ဆေးလုံး ၁၂ဝဝဝ လုံးတို့ အား ပေးအပ်လှူဒါန်းရာ ဒေါက်တာ မြတ်ဝဏ္ဏစိုးက လက်ခံရယူပြီး ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
နေပြည်တော်တွင် COVID-19 ရောဂါ ဖြစ်ပွားလာပါက ရောဂါဖြစ်ပွားသော အတည်ပြုလူနာများအား လက်ခံကုသပေးနိုင်ရန်အတွက် ကျန်းမာရေးနှင့် ရောဂါ နှိမ်နင်းရေးတပ်တွင် ဖွင့်လှစ်ထားရှိမည့် ရောဂါကုသဆောင် (Designated Hospi-tal) ၌ တာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် ပိုးသတ်ခန်း (Disinfection Room) ၊ ရောဂါကာကွယ်ရေး ဝတ်စုံလဲလှယ်ခန်း (PPE Changing Room) ၊ အရေးပေါ်အသက်ရှူစက်များ တပ်ဆင်ထားသည့် အထူးကြပ်မတ် ကုသခန်း (ICU) ၊ အတည်ပြုလူနာခန်း Patient Room (Confirmed) များ စီမံ ဆောင်ရွက်ထားရှိကာ အဆိုပါ ကုသဆောင် ၁ ဆောင်တွင် ၇၂ ခုတင် စီစဉ်ဆောင် ရွက်ထားသည်။ ထို့ပြင် ရောဂါကြောင့် အသက်ရှူရန် ခက်ခဲ၍ အရေးပေါ် အခြေ အနေဖြစ်ပွားပါက တစ်ချိန်တည်း တစ်ပြိုင်တည်း အသက်ရှူစက်များဖြင့် အထူးကြပ်မတ်ကုသနိုင်ရန် ၄ ခုတင် ပြင်ဆင် ထားကြောင်းလည်း သိရှိရသည်။
နောက်ထပ် ၇၂ ခုတင်ဆံ့ ကုသဆောင် ၁ ဆောင်ကိုလည်း ပြင်ဆင်လျက်ရှိရာ စုစုပေါင်း ၁၄၄ ခုတင် ဝင်ဆံ့မည်ဖြစ်ပြီး ၈ ခုတင်ဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း အသက်ရှူစက်များနှင့် အထူးကြပ်မတ် ကုသပေးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ တပ်မတော်ဆေးရုံ (ခုတင်-၅ဝဝ)တွင် သံသယရှိလူနာများကို သီးခြားစောင့် ကြပ် ကုသနိုင်ရန်နှင့် COVID-19 ရောဂါဖြစ်ပွားလာပါက ရောဂါဖြစ်ပွားသော အတည်ပြု လူနာများအား လက်ခံကုသပေးနိုင်ရန်အတွက် အထူးကြပ်မတ် ကုသရန် ၈ ခုတင်၊ ခွဲခြားစောင့်ကြည့်ကုသရန် ၁၉၂ ခုတင်ရှိကြောင်း သိရှိရသည်။
၎င်းအပြင် COVID-19 ရောဂါဖြစ်ပွားလာပါက ကာကွယ်၊ ထိန်းချုပ်၊ကုသရေးများ ဆောင်ရွက်နိုင်ရန်အတွက် ပါရဂူ။ဆေးမှူး၊ သူနာပြု။ကျွမ်းကျင်အရာရှိ၊ အခြားအဆင့် သူနာပြုနှင့် အရပ်သားဝန်ထမ်းများ အသင့် စုဖွဲ့ထားရှိကြောင်း သတင်း ရရှိသည်။
အဆိုပါ နေပြည်တော်ရှိ တပ်မတော်ဆေးရုံ (ခုတင်-၅ဝဝ)တွင် သံသယရှိလူနာများကို သီးခြားစောင့် ကြပ် ကုသနိုင်ရန်နှင့် COVID-19 ရောဂါဖြစ်ပွားလာပါက ရောဂါဖြစ်ပွားသော အတည်ပြု လူနာများအား လက်ခံကုသပေးနိုင်ရန်အတွက် အထူးကြပ်မတ် ကုသရန် ၈ ခုတင်၊ ခွဲခြားစောင့်ကြည့်ကုသရန် ၁၉၂ ခုတင်ကို တပ်မတော်မှ စီစဉ်ထားပြီဖြစ်ပါတယ်။
၎င်းအပြင် COVID-19 ရောဂါဖြစ်ပွားလာပါက ကာကွယ်၊ ထိန်းချုပ်၊ကုသရေးများ ဆောင်ရွက်နိုင်ရန်အတွက် ပါရဂူ။ဆေးမှူး၊ သူနာပြု။ကျွမ်းကျင်အရာရှိ၊ အခြားအဆင့် သူနာပြုနှင့် အရပ်သားဝန်ထမ်းများ အသင့် စုဖွဲ့ထားရှိပြီးလည်း ဖြစ်ပါတယ်။
Image may contain: 2 people, indoor
No photo description available.
>>Zawgyi<<
COVID-19 ရောဂါကာကွယ်ရေး ပစ္စည်းများနှင့်ဆေးဝါးများ တပ်မတော်က လှူဒါန်းခဲ့ပြီး COVID-19ရောဂါဖြစ်ပွားလာပါက လူနာများအားအသင့်လက်ခံကုသပေးနိုင်ရန် တပ်မတော်စီစဉ်ထားပြီးဖြစ်ဟုဆို
Tuesday, March 24, 2020

0 comments:

Post a Comment