Monday, March 2, 2020

အမေရိကန်တွင် COVID-19 ကြောင့် သေဆုံးသူ ၆ ဦးအထိရှိလာ

Image may contain: one or more people and people standing

အမေရိကန်ပြည်ထောင်စုတစ်ဝန်းတွင် COVID-19 ကြောင့် သေဆုံးသူ ၆ ဦးရှိသွားပြီဖြစ်ကြောင်း ကျန်းမာ ရေးဌာန တာဝန်ရှိသူများက မတ်လ(၂)ရက်နေ့ကပြောကြားသည်။

သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ထိပ်တန်း ဆေးဝါးထုတ်လုပ်ရေးကုမ္ဗဏီများနှင့် အိမ်ဖြုတော်တွင် တွေ့ဆုံခဲ့ပြီး COVID-19 ဗိုင်းရပ်စ်ကာကွယ်ဆေးတစ်ခုပေါ်ပေါက်လာစေရေးကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့သည်။
အမေရိကန်ပြည်ထောင်စုတစ်ဝန်းတွင် မတ်လ(၂)ရက်နေ့က အတည်ပြုလူနာ ၂၄ ဦးတိုးလာသဖြင့် COVID-19 အတည်ပြုမှု စုစုပေါင်း ၉၉ ဦးရှိခဲ့ပြီဖြစ်ကာ၊ လက်ရှိအချိန်အထိ ၆ ဦးသေဆုံးခဲ့ပြီး ၉ ဦးမှာ သက်သာပျောက်ကင်းခဲ့ပြီဖြစ်သဖြင့်၊ လက်ရှိတွင် အတည်ပြုလူနာ ၈၄ ဦးရှိနေသည်။ ယင်းတို့အနက် ၇ ဦးမှာ စိုးရိမ်ရသော အခြေအနေတွင်ရှိကြောင်းသိရသည်။
Image may contain: 1 person, sitting and indoor
Source: AFP/de/jt
<zawgyi>
အမေရိကန်တွင် COVID-19 ကြောင့် သေဆုံးသူ ၆ ဦးအထိရှိလာ
Tuesday , March 3 , 2020

အမေရိကန်ပြည်ထောင်စုတစ်ဝန်းတွင် COVID-19 ကြောင့် သေဆုံးသူ ၆ ဦးရှိသွားပြီဖြစ်ကြောင်း ကျန်းမာ ရေးဌာန တာဝန်ရှိသူများက မတ်လ(၂)ရက်နေ့ကပြောကြားသည်။
သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ထိပ်တန်း ဆေးဝါးထုတ်လုပ်ရေးကုမ္ဗဏီများနှင့် အိမ်ဖြုတော်တွင် တွေ့ဆုံခဲ့ပြီး COVID-19 ဗိုင်းရပ်စ်ကာကွယ်ဆေးတစ်ခုပေါ်ပေါက်လာစေရေးကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့သည်။
အမေရိကန်ပြည်ထောင်စုတစ်ဝန်းတွင် မတ်လ(၂)ရက်နေ့က အတည်ပြုလူနာ ၂၄ ဦးတိုးလာသဖြင့် COVID-19 အတည်ပြုမှု စုစုပေါင်း ၉၉ ဦးရှိခဲ့ပြီဖြစ်ကာ၊ လက်ရှိအချိန်အထိ ၆ ဦးသေဆုံးခဲ့ပြီး ၉ ဦးမှာ သက်သာပျောက်ကင်းခဲ့ပြီဖြစ်သဖြင့်၊ လက်ရှိတွင် အတည်ပြုလူနာ ၈၄ ဦးရှိနေသည်။ ယင်းတို့အနက် ၇ ဦးမှာ စိုးရိမ်ရသော အခြေအနေတွင်ရှိကြောင်းသိရသည်။
Source: AFP/de/jt

0 comments:

Post a Comment