ကိုရိုနာဗိုင်းရပ်စ်ရဲ့ ခြိမ်းခြောက်မှုကို ထိန်းချုပ်ကိုင်တွယ်နိုင်ဖိ ု့အတွက် အရေးပေါ် လုပ်ပိုင်ခွင့်အာဏာတွေတိုးမ ြှင့်ဖို့ အရှေ့ တောင်အာရှ နိုင်ငံတွေ စဉ်းစားနေပါတယ်။ သမိုင်းတလျှောက် အကြီးမားဆုံး စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတာကြောင့် စင်ကာပူ လေကြောင်းလိုင်းတွေကတော့ ၎င်းတို့ရဲ့ လေကြောင်းခရီးစဉ်အားလုံးနီး ပါးကို ရပ်ဆိုင်းထားလိုက်ပြီလို့ ပြောဆိုခဲ့ပါတယ်။
အရှေ့တောင်အာရှ ဒေသတစ်ဝန်း ဗိုင်းရပ်စ် ကူးစက်သူ ၃၇၀၀ ခန့် ရှိနေကာ သေဆုံးသူ ၁၀၀ နီးပါးရှိလာပြီး သေဆုံးသူ ထက်ဝက်ကျော် ခန့်ဟာ ဒေသတွင်း လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက ဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ပိုးကူးစက်သူ ၃၉၆ ဦးနဲ့ သေဆုံးသူ ၃၃ ဦး ရှိနေပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားနိုင်ငံလိုပဲ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ရဲ့ လိုအပ်ချက်ကြောင့် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုတွေ အကန့် အသတ်ရှိကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက ဝန်ခံခဲ့ပြီး စစ်ဆေး တွေ့ရှိထားတဲ့ ပိုးကူးစက်အရေအတွက်ထက် များစွာပိုရှိနေတာမျိုး ဖြစ်နေနိုင်တယ်လို့ဆိုပါတယ် ။
ဒေသတွင်း အစိုးရအသီးသီးဟာ နယ်စပ်တွေ ပိတ်ပစ်လိုက်မှုနဲ့အတူ ၎င်းတို့ရဲ့ ကာကွယ်ရေးကို အလျင်အမြန်တိုးမြှင့်လုပ်ဆေ ာင်နေကာ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု တွေနဲ့ အသွားအလာပိတ်ဆို့မှု တွေ လုပ်ဆောင်နေပါတယ်။
အများပြည်သူ အကျိုးစီးပွားအတွက် ပုဂ္ဂလိက အသုံးအဆောင်တွေ၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး အော်ပ ရေတာတွေနဲ့ စီးပွားရေးလုပ်ငန်း တွေကို ထိန်းချုပ်ခွင့်ပြုဖို့အပါအ ဝင် အစိုးရကို လုပ်ပိုင်ခွင့်အာဏာ တိုးပေးရေး စဉ်းစားသုံးသပ်ရန် ဖိလစ်ပိုင် ပါလီမန် က အထူးအစည်းအဝေး ပြုလုပ်နေပါတယ်။ ဒါ့အပြင် ဆေးဝန်ထမ်းတွေနဲ့ သီးခြားခွဲစောင့်ကြည့် ခံရမယ့်သူတွေထားရှိနိုင်ဖို ့ ဟိုတယ်တွေနဲ့ အခြား ခန်းမတွေ အသုံးပြု နိုင်စေရေးလည်း ပါဝင်ပါတယ်။
ဖိလစ်ပိုင်ဟာ နယ်စပ်တွေကနေ နိုင်ငံခြားသားဝင်ရောက်ခွင့ ် ပိတ်ပင်ခြင်း၊ အများပြည်သူတွေကို နေအိမ်အပြင်မထွက်စေခြင်းအပါ အဝင် အရှေ့တောင်အာရှမှာ အသွားအလာ ပိတ်ဆို့ကန့်သတ်မှုတွေ ပထမဆုံး ချမှတ်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။
ဒါပေမဲ့ ရောဂါပိုးကူးစက်ဖြစ်ပွားမှု မြင့်တက်လာတာကြောင့် နောက်ပိုင်းမှာ အစီအမံတွေ ထပ်မံချမှတ်ခဲ့ရပြီး ဗီယက်နမ်နဲ့ မလေးရှား နိုင်ငံတို့ဟာလည်း အသွားအလာ ပိတ်ဆို့မှု သို့မဟုတ် ခရီးသွား ရောက်ခြင်း တားမြစ်ချက်နဲ့ လူစုလူဝေးမလုပ်ဖို့ တားမြစ်ချက်တွေ အာဏာသက်ရောက်စေဖို့အတွက် စစ်သားတွေ ဖြန့်ကျက်ချခဲ့ရပါတယ်။
သွားလာလှုပ်ရှားမှု ကန့်သတ်ချက်တွေကို နောက်ထပ် သီတင်းနှစ်ပတ် ထပ်တိုးဖို့ အစိုးရက စဉ်းစားသွားမှာဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် မူဟစ်ဒင် ယာဆင်က ပြောဆိုပါတယ်။တဖန် အင်ဒိုနီးရှား မြို့တော် ဂျကာတာဟာလည်း ထိုင်း၊ ကမ္ဘောဒီးယားမြို့တော်တွေလိ ုပဲ ဘားတွေ၊ ရုပ်ရှင်ရုံတွေ၊ ဖျော်ဖြေရေး အခမ်းအနားတွေကို ပိတ်သိမ်းလိုက်ပြီဖြစ်ပါတယ် ။ထိုင်းမှာ တနင်္လာနေ့က ပိုးတွေ့သူ ၁၂၂ ဦးထပ်တိုးခဲ့တာကြောင့် စုစုပေါင်း ၇၂၁ ဦး ရှိသွားခဲ့ပြီဖြစ်ပါတယ်။
ဒေသတွင်း ခရီးသွားလာမှု အချက်အချာနေရာဖြစ်တဲ့ စင်ကာပူဟာ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုမှ ဝင်ရောက်လာတဲ့ ပိုးတွေ့သူ တိုးလာ တာကြောင့် ရက်တို ခရီးစဉ်တွေကို ပိတ်ပင်လိုက်ပြီး တဆင့်ခံ လေယာဉ် ခရီးစဉ်တွေကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။ စင်ကာပူမှာ တနင်္ဂနွေနေ့က ပိုးကူးစက်သူ ၂၃ ဦး ထပ်တွေ့ခဲ့ပြီး စုစုပေါင်း ၄၅၅ ရှိလာကြောင်း သိရပါတယ်။
Source-Reuters ref-akonthi #Myanmar_Online_News
>>Zawgyi<<
COVID-19ဗိုင်းရပ်စ်အရေးနှင ့်ပတ်သက်၍ အရေးပေါ် လုပ်ပိုင်ခွင့်အာဏာတွေတိုးြ မှင့်ရန် အရှေ့တောင်အာရှနိုင်ငံများ စဉ်းစားနေ
Tuesday, March 24, 2020
ကိုရိုနာဗိုင်းရပ်စ်ရဲ့ ခြိမ်းခြောက်မှုကို ထိန်းချုပ်ကိုင်တွယ်နိုင်ဖိ ု့ အတွက် အရေးပေါ် လုပ်ပိုင်ခွင့်အာဏာတွေတိုးြ မှင့်ဖို့ အရှေ့တောင်အာရှ နိုင်ငံတွေ စဉ်းစားနေပါတယ်။ သမိုင်းတလျှောက် အကြီးမားဆုံး စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတာကြောင့် စင်ကာပူ လေကြောင်းလိုင်းတွေကတော့ ၎င်းတို့ရဲ့ လေကြောင်းခရီးစဉ်အားလုံးနီး ပါးကို ရပ်ဆိုင်းထားလိုက်ပြီလို့ ပြောဆိုခဲ့ပါတယ်။
အရှေ့တောင်အာရှ ဒေသတစ်ဝန်း ဗိုင်းရပ်စ် ကူးစက်သူ ၃၇၀၀ ခန့် ရှိနေကာ သေဆုံးသူ ၁၀၀ နီးပါးရှိလာပြီး သေဆုံးသူ ထက်ဝက်ကျော် ခန့်ဟာ ဒေသတွင်း လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက ဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ပိုးကူးစက်သူ ၃၉၆ ဦးနဲ့ သေဆုံးသူ ၃၃ ဦး ရှိနေပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားနိုင်ငံလိုပဲ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ရဲ့ လိုအပ်ချက်ကြောင့် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုတွေ အကန့် အသတ်ရှိကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက ဝန်ခံခဲ့ပြီး စစ်ဆေး တွေ့ရှိထားတဲ့ ပိုးကူးစက်အရေအတွက်ထက် များစွာပိုရှိနေတာမျိုး ဖြစ်နေနိုင်တယ်လို့ဆိုပါတယ် ။
ဒေသတွင်း အစိုးရအသီးသီးဟာ နယ်စပ်တွေ ပိတ်ပစ်လိုက်မှုနဲ့အတူ ၎င်းတို့ရဲ့ ကာကွယ်ရေးကို အလျင်အမြန်တိုးမြှင့်လုပ်ဆေ ာင်နေကာ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုေ တွနဲ့ အသွားအလာပိတ်ဆို့မှု တွေ လုပ်ဆောင်နေပါတယ်။
အများပြည်သူ အကျိုးစီးပွားအတွက် ပုဂ္ဂလိက အသုံးအဆောင်တွေ၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး အော်ပ ရေတာတွေနဲ့ စီးပွားရေးလုပ်ငန်း တွေကို ထိန်းချုပ်ခွင့်ပြုဖို့အပါအ ဝင် အစိုးရကို လုပ်ပိုင်ခွင့်အာဏာ တိုးပေးရေး စဉ်းစားသုံးသပ်ရန် ဖိလစ်ပိုင် ပါလီမန် က အထူးအစည်းအဝေး ပြုလုပ်နေပါတယ်။ ဒါ့အပြင် ဆေးဝန်ထမ်းတွေနဲ့ သီးခြားခွဲစောင့်ကြည့် ခံရမယ့်သူတွေထားရှိနိုင်ဖို ့ ဟိုတယ်တွေနဲ့ အခြား ခန်းမတွေ အသုံးပြု နိုင်စေရေးလည်း ပါဝင်ပါတယ်။
ဖိလစ်ပိုင်ဟာ နယ်စပ်တွေကနေ နိုင်ငံခြားသားဝင်ရောက်ခွင့ ် ပိတ်ပင်ခြင်း၊ အများပြည်သူတွေကို နေအိမ်အပြင်မထွက်စေခြင်းအပါ အဝင် အရှေ့တောင်အာရှမှာ အသွားအလာ ပိတ်ဆို့ကန့်သတ်မှုတွေ ပထမဆုံး ချမှတ်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။
ဒါပေမဲ့ ရောဂါပိုးကူးစက်ဖြစ်ပွားမှု မြင့်တက်လာတာကြောင့် နောက်ပိုင်းမှာ အစီအမံတွေ ထပ်မံချမှတ်ခဲ့ရပြီး ဗီယက်နမ်နဲ့ မလေးရှား နိုင်ငံတို့ဟာလည်း အသွားအလာ ပိတ်ဆို့မှု သို့မဟုတ် ခရီးသွား ရောက်ခြင်း တားမြစ်ချက်နဲ့ လူစုလူဝေးမလုပ်ဖို့ တားမြစ်ချက်တွေ အာဏာသက်ရောက်စေဖို့အတွက် စစ်သားတွေ ဖြန့်ကျက်ချခဲ့ရပါတယ်။
သွားလာလှုပ်ရှားမှု ကန့်သတ်ချက်တွေကို နောက်ထပ် သီတင်းနှစ်ပတ် ထပ်တိုးဖို့ အစိုးရက စဉ်းစားသွားမှာဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် မူဟစ်ဒင် ယာဆင်က ပြောဆိုပါတယ်။တဖန် အင်ဒိုနီးရှား မြို့တော် ဂျကာတာဟာလည်း ထိုင်း၊ ကမ္ဘောဒီးယားမြို့တော်တွေလို ပဲ ဘားတွေ၊ ရုပ်ရှင်ရုံတွေ၊ ဖျော်ဖြေရေး အခမ်းအနားတွေကို ပိတ်သိမ်းလိုက်ပြီဖြစ်ပါတယ် ။ထိုင်းမှာ တနင်္လာနေ့က ပိုးတွေ့သူ ၁၂၂ ဦးထပ်တိုးခဲ့တာကြောင့် စုစုပေါင်း ၇၂၁ ဦး ရှိသွားခဲ့ပြီဖြစ်ပါတယ်။
ဒေသတွင်း ခရီးသွားလာမှု အချက်အချာနေရာဖြစ်တဲ့ စင်ကာပူဟာ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုမှ ဝင်ရောက်လာတဲ့ ပိုးတွေ့သူ တိုးလာ တာကြောင့် ရက်တို ခရီးစဉ်တွေကို ပိတ်ပင်လိုက်ပြီး တဆင့်ခံ လေယာဉ် ခရီးစဉ်တွေကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။ စင်ကာပူမှာ တနင်္ဂနွေနေ့က ပိုးကူးစက်သူ ၂၃ ဦး ထပ်တွေ့ခဲ့ပြီး စုစုပေါင်း ၄၅၅ ရှိလာကြောင်း သိရပါတယ်။
Source-Reuters ref-akonthi #Myanmar_Online_News
0 comments:
Post a Comment