Monday, October 5, 2015

သုံးလအတွင်း မုန်တိုင်း ၀င်ရောက် နိုင်ခြေရှိဟုဆို

ရာသီဥတု ဖောက်ပြန်ခြင်းနှင့်အတူ အယ်လ်နီညို ဖြစ်စဉ်များပို၍ ပြင်းထန်လာသည့် အတွက် အပူချိန်များ ပိုမို မြင့်တက်လာမှုကြောင့် မိုးနှောင်း ကာလများတွင် အပူပိုင်း မုန်တိုင်းများ ဖြစ်ပေါ်လာနိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ဩန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီငြိမ်းက ပြောသည်။““၁၈၈၇ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်ထိ ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းဖြစ်စဉ်တွေ အရ ဧပြီ၊ မေမှာ (၂၄) ရာခိုင်နှုန်း ကနေ (၂၇)ရာခိုင်နှုန်း ရှိပြီး၊ မိုးနှောင်း ကာလတွေမှာ (၁၈)ရာခိုင်နှုန်း ရှိတဲ့အတွက် ရရှိလာတဲ့ အချက်အလက် တွေအရ မုန်တိုင်းဖြစ်စဉ်ကို ထင်ရှားစွာ တွေ့နေရတယ်။ နှစ်ပေါင်း (၁၂၀)အတွင်း ဖြစ်ခဲ့တဲ့ မုန်တိုင်းဖြစ်စဉ်အရ မိုးနှောင်း ကာလမှာ ဘင်္ဂလားဒေ့ရှ် အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းကို ၀င်တတ်တဲ့ အတွက် မုန်တိုင်းအန္တရာယ်ကို အထူးဂရုပြု သင့်တယ်”” ဟု ၎င်းက ဆိုသည်။

အပူပိုင်း မုန်တိုင်းဖြစ်စဉ် များကြောင့် လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ မုန်တိုင်းကြောင့် ဒီရေမြင့်တက် လာခြင်း၊ အဆက်အပြတ် မိုးရွာသွန်းခြင်း၊ လေဆင်နှာမောင်း များနှင့် ထစ်ချုန်း မိုးသက်လေပြင်းများ ဖြစ်ပေါ်ပြီး (၂၀၁၅ - ၁၆)ခုနှစ်တွင် အယ်လ်နီညိုဖြစ်စဉ် ယခင်ထက်ပို၍ ပြင်းထန်လာသည့် အတွက် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် မိုးခေါင်ခြင်း၊ မိုးပြတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လေတိုက်နှုန်း အမြင့်ဆုံး တစ်နာရီမိုင်(၁၅၀)နှင့်အထက် ဟာရီကိန်းမှာ ကြီးမားသည့် မုန်တိုင်းကြီးနှစ်ခု ဖြစ်ခဲ့ပြီး တစ်ခုမှာ ၁၉၆၈ ခုနှစ် စစ်တွေတွင် လူပေါင်း (၁၀၃၇)သေဆုံး၊ ကျွဲနွား(၁၇၅၃၇) ကောင်သေ၊ အိုးအိမ် (၅၇၆၆၃) ပျက်စီး၊ သိန်း(၁၀၀)ဖိုး ဆုံးရှုံးခဲ့ပြီး မုန်တိုင်းဒီရေ (၄ ဒသမ ၂၅) ပေတက်၍ ၂၀၀၈ခုနှစ် နာဂစ် မုန်တိုင်းကြောင့် ဧရာဝတီတိုင်း အတွင်း လူပေါင်း (၁၃၈၀၀၀)ဦး သေဆုံး၊ (၁၃) ထရီ လီယံကျပ်ဖိုး ဆုံးရှုံးခဲ့ကြောင်း မုန်တိုင်းကြောင့် ပျက်စီးသည့် စာရင်းများအရ သိရသည်။

Messenger News Journal

0 comments:

Post a Comment