Thursday, October 1, 2015

ငွေငန်းဖြူအလှဘုရင်မဝတ်စုံနဲ့ အကောင်းဆုံးဝတ်စုံဆုဆွတ်ခူးသွားတဲ့ မယ်စကြဝဠာမြန်မာပြိုင်ပွဲဝင် ဟန်လေး


မယ်စကြဝဠာ မြန်မာ ၂၀၁၅ နှင့် ၂၀၁၆ ဆန်ခါတင်ပြိုင် ပွဲဝင်များ၏ National Costume ပြိုင်ပွဲတွင် ငွေငန်းဖြူ၏ အလှ ဘုရင်မ ဝတ်စုံဖြင့် ခါးနံပါတ်(၂၀) ဟန်လေးက The Best National Costume ဆုကို ရရှိခဲ့သည်။ယင်းပြိုင်ပွဲကို စက်တင်ဘာ ၃၀ ရက်ညက ဂန္ဓာမာဟိုးဆေးလ် တွင် ပြုလုပ်ခဲ့ပြီး ဆန်ခါတင် အလှမယ် ၂၀ က ၎င်းတို့နေထိုင် သည့် ဒေသများကို ကိုယ်စားပြု နိုင်သည့် ဝတ်စုံဒီဇိုင်းများကို တီထွင်ဖန်တီးဝတ်ဆင်၍ ယှဉ်ပြိုင်ခဲ့ကြသည်။

ပုသိမ်မြို့ကိုယ်စားပြုယှဉ် ပြိုင်သည့် အလှမယ်က ပုသိမ်ထီး များဖြင့် ဒီဇိုင်းဆင်ထားသည့် ဝတ် စုံ၊ မြိတ်မြို့ကိုယ်စားပြုအလှမယ် က ၎င်းတို့၏ ဒေသထွက် ပုလဲများ ဖြင့် ဒီဇိုင်းဆင်ထားသည့် ဝတ်စုံ စသဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး တိုင်း ရင်းသူများကလည်း ၎င်းတို့၏ ရိုးရာဝတ်စုံများကို ယနေ့ခေတ် ဒီဇိုင်းများနှင့်အညီ ဖန်တီး၍ ယှဉ် ပြိုင်ခဲ့ကြသည်။

အလှမယ်များ၏ ဝတ်စုံများ ကို အမှတ်စဉ်အလိုက် မဲပုံးများ ဖြင့် လာရောက်ကြည့်ရှုသည့် ပရိ သများအား မဲပေးရွေးချယ်စေခဲ့ပြီး မန္တလေးမြို့ ကိုယ်စားပြုအလှမယ် ဟန်လေးက မဲအများဆုံးဖြင့် အ ကောင်းဆုံးဝတ်စုံဆု ရရှိခဲ့ခြင်း ဖြစ်သည်။

ယင်းပြိုင်ပွဲနှင့်အတူ အလှ မယ်များ၏ အမှတ်တရပစ္စည်း လေလံတင်ရောင်းချပွဲကိုလည်း ပြုလုပ်ခဲ့ရာ လေလံတင်ရောင်းချ ငွေ ကျပ်သိန်း ၂၀ ခန့်ရရှိခဲ့သည်။

ယင်းပြိုင်ပွဲအတွက် ရရှိ သည့် ဝင်ကြေးများနှင့် အမှတ် တရပစ္စည်းများ လေလံတင် ရောင်းချရာမှ ရရှိသည့်ငွေကြေးများမှ ငွေကျပ်သိန်း ၂၀ ကို မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် သို့ လှူဒါန်းခဲ့ပြီး ကျန်ငွေများကို ရန်ကင်း ကလေးဆေးရုံသို့ အလှ မယ်များကိုယ်တိုင် လှူဒါန်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မယ်စကြဝဠာ မြန်မာ ၂၀၁၅နှင့် ၂၀၁၆ ပြိုင်ပွဲကို အောက်တို ဘာ ၃ ရက်တွင် ပြုလုပ်မည် ဖြစ်ပြီး ပြည်တွင်းရုပ်သံလိုင်းများ က တိုက်ရိုက်ထုတ်လွှင့်ပြသမည် ဖြစ်သည်။

7Day Daily

0 comments:

Post a Comment