Thursday, October 1, 2015

ပါတီများ ကျင့်ဝတ်လိုက်နာမှု ရှိ၊ မရှိ စောင့်ကြည့်အစီရင်ခံစာ ထုတ်ပြန်မည်

နိုင်ငံရေးပါတီများ ကိုယ် တိုင်ရေးဆွဲထုတ်ဝေထားသည့် နိုင်ငံရေးပါတီများနှင့် ကိုယ်စား လှယ်လောင်းများအတွက် လိုက် နာရန် ကျင့်ဝတ်(Code of Conducts) ကို ပါတီများ လိုက် နာခြင်းရှိ၊ မရှိကို လေ့လာစောင့် ကြည့်ထားသည့် အစီရင်ခံစာနှစ် စောင် ထုတ်ပြန်သွားမည်ဖြစ် ကြောင်း ကျင့်ဝတ်လေ့လာစောင့် ကြည့်ရေး ကော်မတီ (m-com) မှ သတင်းရရှိသည်။‘‘ဒီရက်ပိုင်းအတွင်းမှာ တစ် စောင်ထုတ်ပြန်မယ်။ ရွေး ကောက်ပွဲပြီးရင် နောက်တစ် စောင်ထုတ်ပြန်မယ်’’ဟု ကျင့် ၀တ်လေ့လာစောင့်ကြည့်ရေး ကော်မတီဝင် ဦးမျိုးညွန့်က ပြော သည်။

နိုင်ငံရေးပါတီများနှင့် ကိုယ် စားလှယ်လောင်းများ လိုက်နာ ရန် ထုတ်ဝေထားသော ကျင့်ဝတ် တွင် မဲဆွယ်စည်းရုံးရေးကာလအ တွင်း အခြားပါတီများအား အသ ရေဖျက်ခြင်း၊ ပုတ်ခတ်ခြင်းမပြု ရန်၊ ပါတီအချင်းချင်းလေးစားရန်၊ မဲဆွယ်စည်းရုံးမှုတွင် ဘာသာရေး နှင့် လူမျိုးရေးဆိုင်ရာ ခွဲခြားဆက် ဆံသော သုံးနှုန်းပြောဆိုမှုများ မပြုရန်၊ မဲဆန္ဒရှင်များ၏ ဆန္ဒမဲ ကို လွှမ်းမိုးခြိမ်းခြောက်ရန် ရည် ရွယ်၍ နိုင်ငံတော်အရင်းအမြစ် များနှင့် လုံခြုံရေးယန္တရားများကို အသုံးမပြုရန် စသည့်အချက်များ ပါဝင်သည်။

‘‘ကျင့်ဝတ်ဖောက်ဖျက်ရင် အရေးယူလို့တော့ မရဘူး။ ဒါပေမဲ့ ကျင့်ဝတ်လိုက်နာတယ်၊ မလိုက်နာဘူးဆိုတာကို (m-com)မှာပါတဲ့ ပါတီတွေက ဆုံးဖြတ်ပြီး လိုအပ်ရင် ပူးတွဲထုတ်ပြန်မှုတွေ ထုတ်ပြီး တားမှာပေါ့’’ဟု ဦးမျိုး ညွန့်ကပြောသည်။

ကျင့်ဝတ်ဖောက်ဖျက်မှုများ နှင့် ပတ်သက်ပြီး တိုက်ရိုက်အရေး ယူ၍ မရသော်လည်း ကျင့်ဝတ် တွင် ဥပဒေများကို လိုက်နာမည် ဟူသော ကတိပြုချက်များပါရှိ သဖြင့် ဥပဒေနှင့် ငြိစွန်းသည့်ကိစ္စ များကို စေ့စပ်ညှိနှိုင်းရေးကော်မ တီများသို့ တင်ပြနိုင်ပြီး ဖြေရှင်း ပေးမည်ဖြစ်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ ၀င်ဦးဝင်းကိုက ပြောသည်။

မဲဆွယ်စည်းရုံးရေးကာလ အတွင်း နိုင်ငံရေးပါတီအချင်းချင်း အငြင်းပွားမှုများ ဖြစ်ပွားပါက တရားရုံးများသို့ တိုက်ရိုက်သွား ခြင်းမျိုး မဖြစ်ပေါ်စေဘဲ စားပွဲ ၀ိုင်းပေါ်၌ ဖြေရှင်းနိုင်ရန် စေ့စပ် ညှိနှိုင်းရေးကော်မတီများကို ဗဟို၊ တိုင်း၊ ခရိုင်၊ မြို့နယ်ထိ အဆင့် ဆင့် ဖွဲ့စည်းပေးထားကြောင်း ဦးဝင်းကိုက ပြောသည်။

‘‘စေ့စပ်ညှိနှိုင်းရေး ကော်မ တီတွေက ရွေးကောက်ပွဲပြစ်မှု တွေကို ဖြေရှင်းလို့ရရင် ဖြေရှင်း ပေးမယ်။ ဖြေရှင်းပေးလို့ မရတဲ့ ပြစ်မှုတွေဆိုရင် ရဲကိုလွှဲပေးလိုက် မှာပါပဲ။ တရားမဲ့ပြုကျင့်မှုတွေ ဆိုရင် ချက်ချင်းဖြေရှင်းပေးလို့ မရဘူး။ ဒါပေမဲ့ ဒါကိုမှတ်တမ်း တင်ထားပြီးတော့ ရွေးကောက်ပွဲ လွန်ကာလမှာ ရလဒ်တွေအပေါ် ကန့်ကွက်လွှာတွေ တင်ရင်ဒါကို သက်သေခံအဖြစ်ထားပြီးတော့ ခုံ ရုံးမှာဆုံးဖြတ်မယ့် အနေအထား ဖြစ်ပါတယ်’’ဟု ဦးဝင်းကိုက ဆက်လက်ရှင်းပြသည်။

အဆိုပါ ကျင့်ဝတ်ကို ၂၀၁၄ တွင် နိုင်ငံရေးပါတီများအားလုံး က ဆုံးဖြတ်ခဲ့သော ကျင့်ဝတ်မူ များကို အခြေခံပြီး မူကြမ်းရေးဆွဲ ခဲ့သည်။ ၂၀၁၅ မတ် ၃၁ ရက်တွင် နိုင်ငံရေးပါတီများအားလုံးနှင့် ညှိ နှိုင်းဆွေးနွေးပြီး ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ဥပဒေ များနှင့် ကွဲလွဲမှု ရှိ၊ မရှိ ပြန်လည် သုံးသပ်ခဲ့သည်။ ၂၀၁၅ မေလ ၁၅ ရက်တွင် ညှိနှိုင်းဆွေးနွေး ပြီး နိုင်ငံရေးပါတီများအားလုံးက သဘောတူခဲ့သည်။ ထို့နောက် ၂၀၁၅ မေလ ၁၅ ရက်တွင် ရန်ကုန်မြို့၌ ကျင့်ဝတ်များကို အတည်ပြုကြောင်း လက်မှတ်ရေး ထိုးခဲ့သည်။


7Day Daily

0 comments:

Post a Comment