Sunday, August 19, 2018

မိသားစုဝင်များနှင့် ပြန်လည်ဆုံတွေ့ရန် တောင်ကိုရီးယားနိုင်ငံသားများ မြောက်ကိုရီးယားသို့သွားရောက်


တောင်ကိုရီးယားနိုင်ငံသားတွေဟာ နှစ်ပေါင်း ၇၀ ကြာ အဆက်အသွယ်ပြတ်နေခဲ့တဲ့ မြောက်ကိုရီးယားက မိသားစုဝင်တွေနဲ့ ဒီကနေ့မှာ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်တွေ့ဆုံနိုင်ပြီဖြစ်ပါတယ်။

၁၉၅၀-၁၉၅၃ အရေးတော်ပုံ ဖြစ်ပြီးနောက်ပိုင်း တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံလို့ သီးခြားသတ်မှတ်လိုက်ရာ ဆွေမျိုးသားချင်းတွေလည်း အဆက်အသွယ်ပြတ်ခဲ့ကြရတာဖြစ်ပါတယ်။
၂၀၀၀ ခုနှစ်ကစပြီး တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံသား ဆွေမျိုးသားချင်းတွေကို ပြန်လည်တွေ့ဆုံခွင့်ပေးတာ အကြိမ် ၂၀ ရှိခဲ့ပြီဖြစ်ပါတယ်။
တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား မိသားစုဝင်တွေဟာ မြောက်ကိုရီးယားမှာရှိတဲ့ ကမ်ဂန်တောင်စခန်းမှာ ၃ ရက်တာတွေ့ဆုံနိုင်မယ်လို့ သိရပါတယ်။
အဆိုပါသုံးရက်အတွင်းမှာ မိသားစုဝင်တွေ တွေ့ဆုံကြဖို့ ၁၁ နာရီသာ သတ်မှတ်ပေးထားပြီး မြောက်ကိုရီးယား အာဏာပိုင်တွေက စောင့်ကြည့်နေမှာဖြစ်ပါတယ်။
မိသားစုဝင်တွေရဲ့ ကိုယ်ပိုင်အချိန်အတွက် ၃ နာရီ သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။
“ကျွန်တော့်မှာ ပြောစရာအများကြီးရှိတယ်။ ဒါပေမယ့် စည်းကမ်းတွေက အရမ်းတင်းကြပ်နေတယ်။” လို့ မိသားစု ၀င်တွေနဲ့ လာရောက်တွေ့ဆုံတဲ့ လင်မ်အွန်ဘော့ခ်က ပြောပါတယ်။


Mizzima - News in Burmese

0 comments:

Post a Comment