Wednesday, August 29, 2018

ဆွာရေလှောင်တမံကျိုး၍ လူခြောက်သောင်းကျော် အရေးပေါ်ရွှေ့ပြောင်းရ သြဂုတ် ၂၈ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် တမံကြံ့ခိုင်မှုကောင်းပြီး စိုးရိမ်ဖွယ်မရှိဟုထုတ်ပြန်ပြီး နောက်တစ်နေ့တွင် တမံကျိုးခြင်းအပေါ် ဝေဖန်မှုမြင့်တက်


ဒေသခံလူထုကို ကြို တင်သတိမပေးနိုင်ခဲ့သော ဆွာ ချောင်းရေလှောင်တမံကျိုးသော ကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး သုံးဦးပျောက်ဆုံးနေ ကာ ခြောက်သောင်းကျော်ကို ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ ပြောင်းထားရသည်။

ပဲခူးတိုင်းဒေသကြီး ရေတာ ရှည်မြို့နယ်မှ ဆွာချောင်းရေ လှောင်တမံရေပိုလွှဲသည် ဩဂုတ် ၂၉ ရက် နံနက် ၅ နာရီ ၄၅ မိနစ် တွင် အရှည် ပေ ၃၆၀ ခန့် ကျိုးပြီး အနီးဝန်းကျင်ရှိ ကျေးရွာများ ရေ ကြီးနစ်မြုပ်မှုဘေး ရုတ်တရက် ကြုံတွေ့ခဲ့ကာ ဆွာမြို့အပါအ ဝင် ကျေးရွာအုပ်စု ၁၇ စု၊ ရွာ ၈၅ ရွာ၊ လူဦးရေ ၆၃,၄၂၁ ဦး ရေဘေးသင့်ခဲ့ကြောင်း အစိုးရက ယမန်နေ့တွင် ထုတ်ပြန်သည်။
ဆည်ရေလှောင်တမံကျိုး၍ နာရီပိုင်းအတွင်း လူဦးရေသောင်း ချီ  ပြောင်းရွှေ့ရခြင်းသည် ၎င်း၏ ပြည်ထောင်စုဝန်ကြီးသက်တမ်း အတွင်း အများဆုံးဖြစ်ကြောင်း ၀န်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောသည်။
‘‘အရင်ဖြစ်စဉ်တွေလို မိုးရွာ လို့၊ ရေလျှံလို့ မဟုတ်ဘဲအခုလို ရှောင်ပြေးရတာကတော့ ဒီတစ် ခါအများဆုံးပဲ။ အမျိုးသမီးတစ်ယောက်  မျောပါသွားပြီး ကယ်လို့မရလိုက်ဘူးဆိုတော့ အသေအပျောက်ရှိတာ သေချာပါတယ်။ နောက်သုံး၊  လေးယောက်လောက်ပျောက်နေတာရှိတယ်’’ ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။ ပျောက်ဆုံးနေသူများကို ရှာဖွေနေဆဲဖြစ်ကြောင်း ၀န်ကြီးက ဆက်လက်ပြောသည်။
ဆွာချောင်းရေလှောင်တမံ ၏ ရေပြည့်အမှတ် ၈၃ ပေကို ကျော်ကာ ၈၄ ဒသမ ၈၀ ပေရှိ ၍ ရေပြည့်အမှတ်ထက် တစ်ပေကျော် မြင့်တက်နေစဉ် ကျိုးကျ ခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် ဆည်နှင့် အနီးဆုံးကျေးရွာများ ဖြစ်သော  ကျွန်းပင်စု၊ ဥယျာဉ် မှူး၊ သရက်တော၊ ဝါးရုံလဲ၊ တုံးကြီး၊ ဘောင်ထုပ်နှင့် လှည်းလမ်း ကူးကျေးရွာများအပါအဝင် ကျေးရွာအုပ်စုမှ ဒေသခံများ ရေလွတ်ရာသို့ ထွက်ပြေးခဲ့ကြသည်။

‘‘ရေတွေဝင်နေတာ အိမ်အမြင့်တွေရဲ့ သွပ်အောက်ထိ ရောက်တယ်။ တစ်ရွာလုံးပဲ ပြေး လာရတာ’’ ဟု ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိလာခဲ့သော ရေ တာရှည်မြို့နယ် ညောင်ပင်သာ ကျေးရွာ ဒေသခံ ဒေါ်ခင်အုံးမြင့် က ပြောသည်။ အသက် (၇၂)နှစ် အရွယ် ဒေါ်ခင်အုံးမြင့်က ယခုကဲ့ သို့ ရေဘေး သူ့တစ်သက်တွင် မကြုံဖူးဟု ပြောသည်။
ရေဘေးကယ်ဆယ်ရေး စခန်း ၅၂ ခု ဖွင့်လှစ်ထား
ရေဘေး ကယ်ဆယ်ရေးစခန်း ၅၂ ခုဖွင့်လှစ်ထားရသည်။ ယင်းစခန်းများတွင် လူဦးရေ တစ်သောင်းခြောက်ထောင်ခန့် ခိုလှုံနေပြီး ကျန်လူဦးရေသည်နီးစပ်ရာဆွေမျိုးများအိမ်တွင် ယာယီပြောင်းရွှေ့ နေထိုင်ကြကြောင်းပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ပြောသည်။
‘‘ရွာ ၁၇ ရွာလောက်ရေ၀င် ပေမယ့် နှစ်ရွာ၊ သုံးရွာလောက်ကို ပဲ အဓိကကယ်ဆယ်ရေးလုပ်ရ တာ။ ကျန်တဲ့ရွာတွေက ရေလာ နေပြီဆိုတာ သတိထားမိပြီးအ ထုပ်တွေဆွဲယူပြီး ထွက်လာကြ တာပါ’’ ဟု ပြည်ထောင်စုဝန်ကြီး ကပြောသည်။
‘‘အခုထက်ထိကို ကယ်ဆယ် ရေးလုပ်နေရတုန်းပါ။ သစ်ပင် တွေပေါ် တက်နေတဲ့ သူတွေကို ဘုတ်တွေနဲ့ သွားခေါ်ရတယ်။ မြစ်ရေကြီးလို့ ရေတက်တာက တဖြည်းဖြည်းတက်တာ။ အခုက  ရုတ်တရက်ဆိုတော့ တော်တော် လေးကို အခက်ကြုံခဲ့တယ်’’ ဟု ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီး ဌာန ဌာနမှူး ဦးသောင်းထိုက်က သြဂုတ် ၂၉ ရက် ည ၉ နာရီခန့်က ပြောသည်။
ရေတာရှည်မြို့နယ် ဘက်ခြမ်းတွင် ၁၉ ဦးနှင့် ဆွာမြို့နယ်ဘက်ခြမ်းတွင် ၆၃ ဦးကို သစ်ပင်နှင့် အိမ်ခေါင်မိုးများပေါ်မှ ခေါ်ဆောင်လာခဲ့ရကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောသည်။
ဆည်မှ ဆင်းလာသော ရေ များသည် မြေနိမ့်ကျေးရွာအချို့ တွင် သြဂုတ် ၂၉ ရက် နံနက်မှ နေ့လယ်အထိ ၁၅ ပေခန့်နစ် မြုပ်ပြီး ညနေတွင် ငါးပေခန့်အထိ လျော့ကျသွားကြောင်း ဒေသခံ များက ပြောသည်။
ကယ်ဆယ်ရေးလုပ်ငန်းများ ကို ရေတာရှည်ဘက်ခြမ်း၌ ပဲခူး တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန က လည်းကောင်း၊ ဆွာမြို့နယ် ဘက်ခြမ်းတွင် နေပြည်တော် မီးသတ်ဦးစီးဌာနက လည်းကောင်း တာဝန်ယူ ဆောင်ရွက်နေသည်။ မီးသတ်တပ်ဖွဲ့များအပြင် တပ်မတော်သားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရပ်ဖက်အဖွဲ့အစည်းများကလည်း ကယ်ဆယ်ရေးလုပ်ငန်းများကို ပါဝင်ကူညီနေသည်။
ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့လည်း ရေဘေးသင့်ရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။
ကြိုတင်သတိမပေးနိုင်ဘဲ သတင်းမှားထုတ်ပြန်ခဲ့
ဆွာရေလှောင်တမံ ကျိုး သည့်ဖြစ်ရပ်မှာ သတိပေးနိုင်ခြင်း မရှိသည့်အပြင် ဆည်အခြေအ နေကို ဒေသခံများအားသတင်း ပေးမှုလွဲချော်ခဲ့သည်။

ဆည်၏ ကြံ့ခိုင်မှုကောင်း မွန်ပြီး စိုးရိမ်စရာမရှိကြောင်း ဩဂုတ် ၂၈ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော် ပြခဲ့သည်။ ဆည်တာဝန်ရှိသူများ သွားရောက်စစ်ဆေးပြီးမှ ထုတ် ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ သတင်းဖော်ပြပြီး နောက်တစ်နေ့ နံနက်တွင် ရေကာတာကျိုးကျခဲ့ ခြင်းသည် တာဝန်ရှိသူများ၏တာ ၀န်မဲ့မှုဖြစ်ကြောင်း ဒေသခံအရပ် ဘက်အဖွဲ့အစည်းများနှင့် လွှတ် တော် ကိုယ်စားလှယ်များက ထောက်ပြဝေဖန်သည်။
ဆွာချောင်းရေလှောင်တမံ ၏ ခံနိုင်ရည်သည် ကန်ရေပြည့်အ မြင့် ၃၃၇ ပေလက်ခံနိုင်ပြီး ယခု နှစ်အတွင်း မိုးသည်းထန်စွာရွာ သွန်းမှုများကြောင့် ကန်ရေအ မြင့် ၃၃၈ ဒသမ ၆ ပေအထိ ရောက်ရှိသဖြင့် ပင်မဆည်ရေပို လွှဲတံခါး၏ ခံနိုင်ဝန်ထက်ကျော် လွန်ခဲ့ခြင်းကြောင့် ရေပိုလွှဲနိမ့်ကျ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း အစိုးရ က သတင်းထုတ်ပြန်ထားသည်။ သတိပေးမှုလွဲချော်ခဲ့ခြင်းနှင့်ပတ် သက်၍ မည်သူ တစ်ဦးတစ် ယောက်ကမျှ ထုတ်ဖော်ဝန်ခံခြင်း မရှိသေးပေ။
ရေကာတာကြံ့ခိုင်မှုနှင့်ပတ် သက်၍ ကြိုတင်သတိပေးမှုမရှိ သည့်အပေါ် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်အား 7Day Daily သတင်းစာက မေး မြန်းရာရှင်းရှင်းလင်းလင်းမဖြေခဲ့ ပေ။
‘‘နိုးနိုး၊ အဲဒါဘာအခြေခံပြီး ပြောတော့ ကိုယ်လည်းမသိ ဘူး။ တစ်ခုခုပြောမယ်ဆို အခြေခံ နဲ့ပြောဖို့လိုတာပေါ့နော်။ ဟုတ် တယ်မဟုတ်လား။ ကိုယ်ဆိုလိုတဲ့ သဘောက ကြိုတင်သတိပေး ခြင်း၊ မပေးခြင်းဆိုတဲ့အကြောင်း တရားတွေဆိုတာကလည်း ပြော တဲ့သူက သူ့ရဲ့တာဝန်ယူမှု၊တာဝန် ခံမှုရှိရမှာပေါ့။ ဒါပေမဲ့ကိုယ်က ဒီ ကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ် မသိသေးဘူး’’ ဟု ဖြေကြားသည်။
ဩဂုတ် ၂၉ ရက်လူမှုကွန် ရက်တွင်မူ ‘ဆွာချောင်းတမံမှ ရေ များစတင်ကျော်ကျနေပြီး တမံ ကြံ့ခိုင်မှု ကောင်းမွန်၍ စိုးရိမ် ဖွယ်ရာမရှိ’ ဟု ဖော်ပြထားသော ဩဂုတ် ၂၈ ရက်ထုတ်နိုင်ငံပိုင်သ တင်းစာဖြတ်ပိုင်းကို ဖော်ပြကာ သတင်းပေးမှုမှားယွင်းခဲ့ကြောင်း ဝေဖန်နေကြသည်။
နောက်ရက်တွင်  မိုးနည်းနိုင်
ဆွာချောင်းရေကာတာကျိုး ကျမှုနောက်ဆက်တွဲအခြေအနေ များအတွက် စိုးရိမ်စရာနှစ်ခုရှိ ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြော သည်။ ဆည်ရေသည် စစ်တောင်း မြစ်အတွင်း စီးဝင်ခြင်းဖြစ်ပြီး မူလကပင် စိုးရိမ်ရေမှတ်သို့ ကျော်လွန်နေသည့် မြစ်ရေက တောင့်ခံထားပါက ရေကြီးကာလ ရှည်ကြာမည်ကို စိုးရိမ်ခြင်းဖြစ် သည်။ နောက်တစ်ချက်မှာ ရေ တာရှည်နှင့် ဆွာဒေသတွင် မိုး ကောင်းမည်ကို စိုးရိမ်ခြင်းဖြစ် သည်။ စစ်တောင်းနှင့်ရွှေကျင်မြစ် ရေသည် ပဲခူးတိုင်းဒေသကြီးအ တွင်း ရွှေကျင်၊ မဒေါက်နှင့်တောင် ငူမြို့တွင် စိုးရိမ်ရေမှတ်အထက် တွင် မြင့်တက်နေ၍ရေဘေးသတိ ပြုနေထိုင်ရန် မိုးဇလကသတိပေး ထားသည်။ မိုးဇလခန့်မှန်းချက်အ ရ ယခုရက်အတွင်း နေရာကွက် မိုးကြီးနိုင်သည့်ဒေသများတွင် ပဲ ခူးတိုင်းဒေသကြီးမပါဝင်၍ ဒေသ ခံများအတွက် သတင်းကောင်း ဖြစ်သည်။



7Day

0 comments:

Post a Comment