Tuesday, August 28, 2018

"အဆိုတော်ရသကို ဒုတိယအကြိမ်မြောက် ရုံးထုတ်ရမန်ယူ"



မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံထားရသည့် ဟစ်ဟော့ပ်အဆိုတော် ရသကို ဒုတိယအကြိမ် ရုံးထုတ်ရမန်ယူခဲ့သည်။
ဒုတိယအကြိမ်ချုပ်မိန့်ရမန်ကို သြဂုတ်လ၂၈ရက်မှ စက်တင်ဘာလ၁၀ရက်အထိ ရရှိထားပြီး ရဲလုပ်ငန်းအတိုင်းစစ်ဆေးဆောင်ရွက်မှုများပြီးဆုံးပါက တရားစွဲတင်သွားမည်ဖြစ်ကြောင်း အောင်ပင်လယ်နယ်မြေရဲတပ်ဖွဲ့စခန်းမှူးရဲအုပ်စိန်ထွန်းဦးကပြောသည်။
အဆိုတော်ရသ အပါအဝင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးပါ သုံးဦးကိုမန္တလေးမြို့ ချမ်းမြသာစည် မြို့နယ်ရှိ ဧည့်ရိပ်မွန်တစ်ခုတွင် မူးယစ်ဆေးဝါးများနှင့် အတူ ရောက်ရှိနေကြောင်း သတင်းရ၍ မူးယစ်ရဲတပ်ဖွဲ့က သြဂုတ် ၁၄ ရက် မွန်းလွဲ ၃ နာရီက ဝင်ရောက် ဖမ်းဆီးခဲ့သည်။
ဧည့်ရိပ်မွန်အခန်းအတွင်း ရသ(ခ)ရဲမင်းသိန်းနှင့်အတူ မျိုး တင့်၊ အမျိုးသမီးတစ်ဦးကို တွေ့ရှိပြီး အိပ်ရာဘေးစားပွဲပေါ်တွင် WY လိမ္မော်ရောင် စိတ်ကြွဆေးပြား ၁,၆၅၅ ပြားနှင့် မူးယစ်ဆေးသုံးစွဲရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့ သည်။






သတင်း၊ ဓာတ်ပုံ - ဖြိုးဖြိုးဇော်

0 comments:

Post a Comment