Wednesday, August 22, 2018

ငြိမ်းချမ်းရေးအတွက် အာဖဂန်နစ္စတန်မှာ မကြံစဖူး အခွင့်အရေး ရှိနေပြီလို့ အမေရိကန် ဗိုလ်ချုပ်ကြီး ပြော


အာဖဂန်နစ္စတန်နိုင်ငံမှာ ငြိမ်းချမ်းရေးအတွက် မကြုံစဖူး အခွင့်အရေး ရှိနေပြီလို့  အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့တွေရဲ့ ထိပ်တန်းတပ်မမှူးက သတိပေးပြောဆိုလိုက်ပါတယ်။

ရန်ပတ်လည်ဝိုင်းနေတဲ့ ဒီနိုင်ငံအတွက် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မဟာဗျူဟာတွေက အလုပ်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကြီး ဂျွန်နီကိုဆန်က အတိအလင်း ဆိုပါတယ်။
အမေရိကန် တပ်ဖွဲ့ဝင်တွေကို တိုးချဲ့ချထားခဲ့တဲ့ ထရမ့်ရဲ့ မဟာဗျူဟာ ဖော်ဆောင်မှု တစ်နှစ်အကြာ ပင်တဂွန်မှာ သတင်းထောက်တွေကို ဗိုလ်ချုပ်ကြီး ဂျွန်နီကိုဆန်က ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ လက်ရှိမှာ ငြိမ်းချမ်းရေးအတွက် မကြုံစဖူး အခွင့်အရေး ပေါ်နေပြီ။ အခွင့်အလမ်း တံခါးတွေ ပွင့်နေပြီ။”လို့ သူက ပြောပါတယ်။
လက်ရှိမှာ တာလီဘန်တွေကို ငြိမ်းချမ်းရေးစားပွဲဝိုင်းဆီ ဒေါ်နယ်ထရမ့်ရဲ့ မဟာဗျူဟာက ခေါ်ဆောင်လာနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ မြို့တော်ကဘူးလ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားထားပြီး အရပ်သားတွေနဲ့ အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သေဆုံးထားပေမယ့် မျှော်လင့်ချက် အရိပ်လက္ခဏာတွေ မြင်တွေ့နေပြီလို့ နီကိုဆန်က ပြောတာလည်း ဖြစ်ပါတယ်။
“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တိုးတက်မှုတွေ ရှိနေပါတယ်။”လို့ ဇွန်လအတွင်း ယာယီအပစ်ရပ် သဘောတူညီမှု ရခဲ့တာကို ထောက်ပြပြီး နီကိုဆန်က ပြောပါတယ်။
ဒီ ယာယီအပစ်ရပ်မှုဟာ ၂၀၀၁ ခုနှစ်က အမေရိကန် ဦးဆောင်တဲ့ ကျုးကျော်စစ်မှာ တာလီဘန်အစိုးရကို ဖြုတ်ချခဲ့ပြီးနောက်ပိုင်း ပထမဆုံး ရရှိတဲ့ သဘောတူညီမှုလည်း ဖြစ်ပါတယ်။

Mizzima - News in Burmese

0 comments:

Post a Comment