ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့၏အနောက်ဘက် ဆွာတမံ တွင် ယနေ့ နံနက် ၄ နာရီခန့်က ရေထိန်းတံခါးနုတ်သီးကျိုးပေါက်ရာမှ ကွန်ကရစ်တံမံပါ ကျိုးပျက်ခဲ့သည်ဟု အဆိုပါဆည်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရေပိုလွဲကလည်း လေးပေလောက်ရေကျော်နေတာပါ။ ကနေ့ မနက်မှာ ကျိုးပေါက်သွားတဲ့နေရာက ရေတွေ လျံထွက်နေတာဖြစ်ပါတယ်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ယနေ့ မနက်ကတည်းက ဆွာတမံကျိုးပေါက်မှုကြောင့် ဒေသခံ ရာပေါင်းများစွာ ရွေ့ပြောင်းနေရပြီး ဆည်အရှေ့ဘက် ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် ရေကျော်နေခဲ့သည်ဟု ဒေသခံမျထံမှ စုံစမ်းသိရှိရသည်။
အသေးစိတ်အချက်လက်များရရှိပါက ဆက်လက်တင်ပြသွားပါမည်။
The Voice
0 comments:
Post a Comment