Thursday, August 23, 2018

နီပေါဝန်ကြီးချုပ်ဓာတ်ပုံကို မျောက်ပုံလုပ်ပြီး ဖေ့စ်ဘွတ်ခ်ပေါ်တင်သူ အဖမ်းခံရ


နီပေါဝန်ကြီးချုပ်ရဲ့ဓာတ်ပုံကို မျောက်ပုံပြုလုပ်ပြီး ဖေ့စ်ဘွတ်ခ်ပေးမှာ တင်ခဲ့တဲ့ နီပေါနိုင်ငံသားတဦးကို သြဂုတ် ၂၂ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။

အသက် ၄၄ နှစ်အရွယ် ဟိုမနက် ဆီဒယ်လ် ဆိုသူဟာ မျောက်ရဲ့ ခန္ဓာကိုယ်ပုံပေါ်မှာ နီပေါဝန်ကြီးချုပ်ရဲ့ ခေါင်းပုံကို ဖြတ်၊ ညှပ်၊ ကပ်လုပ်ပြီး ဖေ့စ်ဘွတ်ခ်ပေါ်တင်ခဲ့တာပါ။
“ဝန်ကြီးချုပ်ကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ ဓာတ်ပုံ ဖြန့်ဝေတဲ့သူကို ဖမ်းဆီးထားတယ်” လို့ နီပေါ အကြီးတန်းရဲအရာရှိတဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။
အခုလ အစောပိုင်းက အဲဒီဓာတ်ပုံကို ဖေ့စ်ဘွတ်ခ်မှာ မြင်တွေ့ရပြီး Share လုပ်တဲ့အကြိမ်ရေ ၂,၅၀၀ ကျော် ရှိပါတယ်။
ဖမ်းဆီးခံနေရသူ ဆီဒယ်လ်ဟာ နီပေါဝန်ကြီးချုပ် ရှာမာအိုလီရဲ့ ခေါင်းပုံကို အဝတ်မပါတဲ့ ကိုယ်ခန္ဓာပုံမှာ ဖြတ်၊ ညှပ်၊ ကပ် လုပ်ထားတဲ့ ပုံကိုလည်း ဒုတိယအကြိမ် တင်ခဲ့သေးတယ်လို့ နီပေါရဲတပ်ဖွဲ့က ပြောကြားပါတယ်။
ဆီဒယ်လ်ဟာ နီပေါ အီလက်ထရောနစ်ဆိုင်ရာ ဥပဒေအရ ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်နဲ့ ဒဏ်ငွေ ရူပီး ၁ သိန်း (အမေရိကန်ဒေါ်လာ ၉၀၀) ထိ ချမှတ်ခံရနိုင်ဖွယ် ရှိပါတယ်။
အခုနှစ်အစောပိုင်းက ဝန်ကြီးချုပ်တာဝန် စတင်ယူခဲ့တဲ့ ကွန်မြူနစ်ဦးဆောင်တဲ့ အိုလီ အစိုးရဟာ သူ့အစိုးရအပေါ် ဝေဖန်မှုတွေကို သည်းမခံတဲ့ အခြေအနေဟာ ပိုဆိုးလာတယ်လို့လည်း ဂျကာတာပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။

DVB

0 comments:

Post a Comment