Tuesday, August 28, 2018

ဆွာ ချောင်းတံတား ရေလည်တိုင် နိမ့်ကျမှုကြောင့် အမြန်လမ်း ပိတ်


ရေတာရှည်မြို့နယ် ဆွာမြို့၏အနောက်ဘက်ရှိ ဆွာတမံမှာ ကျိုးပေါက်ရာမှ ရေအလုံအရင်းဆင်းလာသဖြင့် ဆွာချောင်း တံတား ရေလည်တိုင် နိမ့်ကျမှုကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့် လမ်းဟောင်းနှစ်လမ်းစလုံးကို ယနေ့ နံနက်ပိုင်းမှ စတင်ကာ အသွားအလာ ကန့်သတ်လိုက်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနမှ သိရသည်။
“ရန်ကုန်-နေပြည်တော် အတက်လမ်း ဆွာချောင်း တံတား ရေလည်တိုင် နိမ့်ကျသွားတယ်၊ အရေးပေါ် ဘေလီတံတား ထိုးပေးမယ်လို အမြန်လမ်းအင်ဂျင်ယာမှူးကြီး ရုံးဘက်က ပြောတယ် ။

လူနာတင်ယာဉ်နဲ့ ကယ်ဆယ်ရေးယာဉ်တွေကလွဲပြီး ဘယ်ကားမှ သွားခွင့်မပြုတော့ဘူ။ အမြန်လမ်းကို ၁၅၄ မိုင်က ပိတ်တယ်။ လမ်းဟောင်းကို ရေတာရှည်အထွက် ကုန်းကြီး ရွာကနေစပိတ်ထားတယ်”ဟု တောင်ငူဒေသခံ The Voice Daily သတင်းထောက်က သတင်းပေးပို့သည်။

ရေပိုလွဲကလည်း လေးပေလောက်ရေကျော်နေတာပါ။ ကနေ့မနက်မှာ ကျိုးပေါက်သွားတဲ့နေရာက ရေတွေ လျှံထွက်နေတာဖြစ်ပါတယ်ဟု အဆိုပါဆည်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယနေ့မနက်ကတည်းက ဆွာတမံကျိုးပေါက်မှုကြောင့် ဒေသခံ ရာပေါင်းများစွာဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရသည်။




The Voice

0 comments:

Post a Comment