ရန်ကုန်ဆိပ်ကမ်းမှ Delivery Van ထုတ်ယူမှုအပေါ် လာဘ်ယူ၍ ခွင့်ပြုခဲ့ကြသော အကောက်ခွန်ဝန်ထမ်း ၁၇ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆိုထားကြောင်း သိရှိရသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ထပ်မံစစ်ဆေး ပေါ်ပေါက်ချက်များ အရ ကြီး/ကော် မူဝါဒနှင့် ကိုက်ညီမှုမရှိသော Delivery Van မော်တော်ယာဉ်များ ထုတ်ယူရာတွင် Shinning Star Agency ၏ Agent ထံမှ EO အကောက် ခွန် ဝန်ထမ်း ၂ ဦးက ငွေကျပ် ၄၄ သိန်းကို လည်းကောင်း၊ Appraiser အကောက်ခွန်မှူး ၂ဦးက ငွေကျပ် ၁၁သိန်းကို လည်းကောင်း၊ ဦးစီးအရာရှိက ငွေကျပ် ၁၁ သိန်းကိုလည်းကောင်း၊ Metal Seal တပ်ဆင်ပေးသည့် PC လက်ထောက်အကောက်ခွန်မှူးက ငွေကျပ် ၅၅၀ဝဝဝိကျပ်ကို လည်းကောင်း လာဘ်ငွေများအဖြစ် ရယူခဲ့ခြင်း၊ ကြီး/ ကော် မူဝါဒနှင့် ကိုက်ညီမှုမရှိသော Delivery Van ယာဉ်(၁၁)စီး MIPL ဆိပ်ကမ်းမှ ထုတ်ယူရာတွင် လင်းယုန် Agency ၏ Agent ထံမှ တစ်စီးလျှင် ငွေကျပ် ၁၀ သိန်းနှုန်းဖြင့် EO ဒု-အကောက်ခွန်မှူး ၂ ဦး က ယာဉ်၇ စီးအတွက် ငွေကျပ်သိန်း ၇၀ကိုလည်းကောင်း၊ EO အကောက်ခွန်မှူးက ယာဉ်(၁)စီးအတွက် ငွေကျပ် ၁၀ သိန်းကို လည်းကောင်း၊ ဒု-အကောက်ခွန်မှူးက ယာဉ် ၃ စီးအတွက် ငွေကျပ် သိန်း ၃၀ ကိုလည်းကောင်း လက်ခံရယူခဲ့ခြင်း တို့သည် ရာထူးတာဝန်အရ ပေးအပ်ထားသောလုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားခြင်းဖြစ်ကြောင်း စစ်ဆေးပေါက်ပေါက်ခဲ့ကြောင်း သြဂုတ်လ ၂၄ ရက်နေ့က သတင်းထုတ်ပြန်သည်။
ဆိပ်ကမ်းမှ ကားတင်သွင်းထုတ်ယူမှုနှင့်ပတ်သက်ပြီး အကောက်ခွန်ဝန်ထမ်း ၁၇ ဦးကို ဖမ်းဆီးတရားစွဲဆိုထားပြီး ၎င်းတို့မှာ EO အကောက်ခွန်မှူး ဦးကျော်ခိုင်မင်း၊ အကောက်ခွန်မှူး ဦးမျိုးဝေ၊ ဒု-အကောက်ခွန်မှူး ဦးဇော်နိုင်ဦး၊ ဒု-အကောက်ခွန်မှူး ဦးစိုးမင်းသန်းနှင့် ဒု-အကောက်ခွန်မှူး ဦးသန်းထိုက်အောင်၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွေးဆွေ၊ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်၊ ညွှန်ကြားရေးမှူး ဦးကျော်ညွန့်အောင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြတ်ကျော်၊ ဦးစီးအရာရှိ ဦးမလန်ရှရွယ်၊ ဦးစီးအရာရှိ ဒေါ်နန်းသဉ္ဇာ၊ ဦးစီး အရာရှိ ဦးဗိုလ်ဗိုလ်၊ အကောက်ခွန်မှူး ဦးဟန်ဝင်းအောင်၊ ဒုတိယအကောက်ခွန်မှူး ဦးဇော်ဝင်းဟိန်း၊ ဒုတိယ အကောက်ခွန်မှူး ဦးနေမင်းထက်၊ လက်ထောက်အကောက်ခွန်မှူး ဦးသန်းအေး-၆၊ ဒုလက်ထောက်အ ကောက်ခွန်မှူး ဦးသိန်းဝင်း-၇ တို့ဖြစ်သည်။
ဓာတ်ပုံ- တရားရုံးသို့ ရုံးထုတ်လာသည့် အကောက်ခွန်ဝန်ထမ်းများ။(Pho to Credit)
0 comments:
Post a Comment