Tuesday, August 28, 2018

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရဲ့ လမ်းညွှန်ချက်အရ မြန်မာ့ ရုပ်ရှင်လောကဖွံဖြိုးတိုးတက်ရန်အတွက် ကိုရီးယားနိုင်ငံသို့ သွားရောက်လေ့လာမည်


မြန်မာ့ရုပ်ရှင်လောကဖွံဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်ချက်အရမြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှတာဝန်ရှိသူများနဲ့ သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများက ကိုရီးယားနိုင်ငံသို့ သြဂုတ်လ ၂၈ ရက်နေ့ မှ စတင်ကာ တစ်ပတ်ကြာ သွားရောက်လေ့လာမယ်လို့ သိရပါတယ်။ 

ယခုသွားရောက်မယ့်ခရီးစဉ်ကပြန်ကြားရေးဝန်ကြီးဌာနရဲ့အစီအစဉ်ဖြစ်တယ်လို့သိရပြီးနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့လမ်းညွှန်မိန့်ကြားချက်အရရုပ်ရှင်လောကဖွံဖြိုးတိုးတက်ရေးအတွက် သင်တန်းကျောင်းတွေ၊ စတူဒီယိုတွေထူထောင်ဖို့အတွက်ကိုကိုရီးယားနိုင်ငံမှာတစ်ပတ်ကြာသွားရောက်လေ့လာမှာဖြစ်တယ်လို့ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကပြောပါတယ်။
ဥက္ကဋ္ဌ ဦးဇင်ဝိုင်းမှ ကိုရီးယားနိုင်ငံကိုသွားရောက်လေ့လာတဲ့အခါ မြန်မာ့ရုပ်ရှင်လောက မှာ ဘာတွေပြောင်းလဲတိုးတက်လာမလဲဆိုတဲ့အပေါ်မှာလည်း “အရင်တုန်းကလည်း ဒီလိုသွားရောက်လေ့လာခဲ့တဲ့ ခရီးစဉ်တွေရှိခဲ့ဖူးပါတယ်။ အရင်တုန်းက ဖလင်ဆိုတဲ့ ကင်မရာနဲ့ ရုပ်ရှင်ရိုက်ကူးပြီးဖလင်နဲ့ ပရိုဂျက်တာကြီးတွေနဲ့ပြသတဲ့စနစ်ကနေဒီဂျစ်တယ်စနစ်ကိုပြောင်းကြပါတယ်။ အဲ့ဒီအခါမှာ ရုပ်ရှင်လောကသားတွေထဲမှာနည်းပညာသစ်ကို လက်မခံနိုင်ကြတဲ့သူတွေရှိကြပြီးရုပ်ရှင်ဆိုတာ ဖလင်နဲ့ရိုက်မှ ရုပ်ရှင်လို့လက်ခံကြတဲ့သူတွေရှိနေပါတယ်။ အဲ့ဒီအတွက် လောကသားတွေရဲ့အတွေးအမြင်ကိုပြောင်းလဲဖို့ကိုForever Group ရဲ့ပံ့ပိုးကူညီမှုနဲ့ပြန်ကြားရေးဝန်ကြီးဌာနနဲ့ပူးပေါင်းပြီးသွားရောက်လေ့လာခဲ့တဲ့အစီအစဉ်တွေရှိခဲ့ဖူးပါတယ်။လေ့လာတဲ့အခါမှာထိုင်းနိုင်ငံကိုရုပ်ရှင်လောကသားအယောက် ၃၀၊ အိန္ဒိယနိုင်ငံကိုရုပ်ရှင်လောကသားအယောက် ၂၀နဲ့ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှားနိုင်ငံကိုရုပ်ရှင်လောကသားအယောက်၂၀လေ့လာခဲ့ဖူးပါတယ်။အဲ့ဒီခရီးစဉ်တွေကိုလေ့လာပြီးတဲ့အခါ အမြင်တွေပြောင်းသွားခဲ့ပြီးဒီအတွေးအမြင်ကိုအခြေခံပြီး ၂၀၁၃မှာဖလင်ကနေဒစ်ဂျစ်တယ်စနစ်ကိုပြောင်းလဲနိုင်ခဲ့ပါတယ်။အရင်တုန်းကအဖွဲ့အစည်းနဲ့သွားရောက်လေ့လာလို့အချို့ကိစ္စတွေမှာပိုင်ပိုင်နိုင်နိုင်မလုပ်နိုင်ခဲ့တာတွေရှိပြီးအခုကတော့ပြန်ကြားရေးဝန်ကြီးဌာနတစ်နည်းအားဖြင့်နိုင်ငံတော်ရဲ့အစီအစဉ်နဲ့သွားရောက်တဲ့အတွက်ပိုမိုပြီးအခွင့်အလမ်းတွေပိုရပြီးနှစ်နိုင်ငံပေါင်းစည်းပြီးလုပ်ကိုင်လို့ရမယ့်အခွင့်အလမ်းတွေလည်းပေါ်ပေါက်လာနိုင်ပါတယ်။ ဒီတစ်ခေါက်ကကျွန်တော်တို့လောကအတွက် အခွင့်အလမ်းတွေပိုမိုရရှိလိမ့်မယ်လို့ ကျွန်တော်ကကောင်းသောအမြင်ဖြင့်မျှော်လင့်မိပါတယ်”လို့ပြောကြားသွားခဲ့ပါတယ်။
ကိုရီးယားခရီးစဉ်ကိုပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်၊ ပြန်ကြားရေးနဲ့ ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရဲ့ညွှန်ချုပ်၊ နေပြည်တော်ကောင်စီရဲ့ တာဝန်ရှိသူ များ၊ နေပြည်တော်စည်ပင်ရဲ့တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က တာဝန်ရှိသူများ၊ ရွှေသံလွင်ကုမ္ပဏီမှ တာဝန်ရှိသူများနဲ့ Forever Group မှ တာဝန်ရှိသူ များပါဝင်လိုက်ပါမယ်လို့ သိရပါတယ်။
ကြယ်စင်သိဏ်း(အကုန်သိသတင်းဌာန)

0 comments:

Post a Comment