Sunday, August 26, 2018

မြင်းခြံတွင် ဂက်စ်​အိုး​ ပေါက်​ကွဲရာမှ ​ဈေးဆိုင်​ ၄ ဆိုင်​ မီး​လောင်​ကျွမ်း


မန္တလေးတိုင်း​ဒေသကြီး မြင်းခြံမြို့မှာ​ သြဂုတ်​ ၂၆ ရက်​ ည ၇ နာရီ​ကျော်​လောက်က ဂက်စ်​အိုး​ပေါက်​ကွဲရာက​နေ ​ဈေးဆိုင်​ ၄ ဆိုင်​ မီး​လောင်​ကျွမ်းခံခဲ့ရပါတယ်​။

ဖြစ်​စဉ်​မှာ မြင်းခြံမြို့ အမှတ်​ ၈ ရပ်​ကွက်​ ဗိုလ်​ချုပ်​လမ်း အ​ရှေ့ဘက်​ခြမ်းရှိ၊ ဦးမင်းမင်း (အမှတ်​-၁၈ ရပ်​ကွက်​ ​နေထိုင်​သူ) ပိုင်​​၊ Five Star CP ကြက်​ကင်​ဆိုင်ရှိ ဂက်စ်​အိုး​ပေါက်​ကွဲပြီး မီးစတင်​​လောင်​ကျွမ်းခဲ့ရာကနေ အဆိုပါဆိုင်​အနီးရှိ ရှင်းဟုန်​ လျှပ်​စစ်​ပစ္စည်းဆိုင်​၊ GB Mobile ဖုန်းအ​ရောင်းဆိုင်​၊ Giordano အဝတ်​အထည်​အ​ရောင်းဆိုင်​တို့ မီးကူးစက်​​ လောင်​ကျွမ်းသွားခဲ့ပါတယ်​။
 မြင်းခြံခရိုင်​ မီးသတ်​ဦးစီးဌာနမှ မီးသတ်​ယာဉ်​ ၁၅ စီး၊ ​ရေသယ်ယာဉ်​ ၁၀ စီး၊ ​တောင်​သာမြို့နယ်​ မီးသတ်​တပ်​ဖွဲ့မှ မီးသတ်​ယာဉ်​ ၃ စီး၊ နွားထိုးကြီးမြို့နယ်​ မီးသတ်​တပ်​ဖွဲ့မှ မီးသတ်​ယာဉ်​ ၂ စီး၊ ပုဂ္ဂလိက​ရေသယ်​ယာဉ်​ ၅ စီး တို့က ဝိုင်းဝန်းမီးငြှိမ်းသတ်​ခဲ့ရာ ည ၉ နာရီ​ကျော်​အချိန်​လောက်​ မီးငြှိမ်းသတ်​နိုင်​ခဲ့ကြပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်​ဖိုး ကျပ်​သိန်း​ပေါင်း ၁၄၉ သိန်း ၂ သောင်း ခန့်​ ဆုံးရှုံးခဲ့ပြီး ​ သေဆုံးဒဏ်ရာရသူ မရှိဘူးလို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်​။
မီးအား​ပေါ့ဆစွာ သုံးစွဲသူ CP ကြက်​ကင်​ဆိုင်​မှ ဦးစီးလုပ်​ကိုင်​သူ မထက်​မြတ်​သူ(ခ)မမုန်းအား မြင်းခြံမြို့မရဲစခန်းက မီးပေါ့ဆစွာ အသုံးပြုမှု (ပ) ၄၉၉/၁၈၊ ပုဒ်​မ ၂၈၅ နဲ့ အမှုဖွင့်​ ရေးယူထားပါတယ်။

သတင်း- ရီရီထွန်း (မြင်းခြံ)

DVB

0 comments:

Post a Comment