Wednesday, August 22, 2018

ဟာဝိုင်အီကျွန်းကို အားပြင်း ဟာရီကိန်းမုန်တိုင်း ဖြတ်ကျော်တိုက်ခတ်နိုင်


အင်အားပြင်း ဟာရီကိန်းမုန်တိုင်း လိန်းဟာ အမေရိကန်နိုင်ငံ ဟာဝိုင်အီကျွန်းကို သြဂုတ် ၂၄ ရက်နေ့မှာ ဖြတ်ကျော်တိုက်ခိုက်နိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

ဟာဝိုင်အီပြည်နယ်မှာ နေထိုင်သူ ထောင်ချီဟာ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်နေကြပါတယ်။
အဆင့် ၄ နဲ့ အဆင့် ၅ ဟာရီကိန်းမုန်တိုင်းအဖြစ် ရွေ့လျားနေတဲ့ လိန်းဟာ တနာရီ လေတိုက်နှုန်း ၁၅၅ မိုင်နဲ့ ဟာဝိုင်အီကျွန်းကို ဝင်ရောက်တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါကြောင့် ဒေသခံတွေအနေနဲ့ ရေ၊ အစားအစာနဲ့ ဆေးဝါးတွေကို စုဆောင်းထားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းနေပါတယ်။
ဟာဝိုင်အီတကျွန်းလုံးက ကုန်စုံဆိုင်တွေ၊ ဓာတ်ဆီဆိုင်တွေနဲ့ ကုန်မာဆိုင်တွေမှာတော့ အထိတ်တလန့် ဖြစ်နေတဲ့ ဒေသခံတွေ တန်းစီ ဝယ်ယူနေကြပါတယ်။
အဆင့် ၄ ရှိတဲ့ တိုင်ဖွန်းမုန်တိုင်း အီနီကီ ၁၉၉၂ ခုနှစ်တုန်းက ဝင်ရောက်တိုက်ခတ်ခဲ့ရာမှာ လူခြောက်ဦး သေဆုံးခဲ့ပြီး အိမ်ခြေ ၁၄၀၀၀ ကျော် ပျက်စီးခဲ့ပါတယ်။

DVB

0 comments:

Post a Comment