Thursday, August 30, 2018

ကြားဖြတ်ရွေးကောက်ပွဲအတွက် ရက်ပိုင်းအတွင်း မဲဆွယ်ခွင့်ရမည်

လစ်လပ် မဲဆန္ဒနယ်မြေများအတွက် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲဝင် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေနှင့် စက်တင်ဘာလ ၃ ရက်နေ့မှစ၍ မဲဆွယ်စည်းရုံးခွင့်ရမည်ဖြစ်ကြောင်း မန္တလေးတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
မဲဆွယ်စည်းရုံးမှုများကို စက်တင်ဘာလ ၃ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့ထိ ရက်ပေါင်း ၆၀ ခွင့်ပြုပေးထားပြီးဖြစ်၍ မဲဆွယ်မည့် လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် မဲဆွယ်စည်းရုံးမည့်နေရာကို ကြိုတင်အကြောင်းကြားရန်လိုကြောင်း မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဒုတိယညွန်ကြားရေးမှူး ဦးကျော်ကျော်စိုးက ပြောကြားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် လစ်လပ် မဲဆန္ဒနယ် ၁၃ နေရာရှိရာ ကြားဖြတ် ရွေးကောက်ပွဲကို နိုဝင်ဘာလ ၃ ရက် နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြီး ခဲ့သောမေလ ၈ ရက်နေ့တွင် ကြေညာ ထားသည်။

The Voice

0 comments:

Post a Comment