Thursday, August 23, 2018

အမေရိကန်တွင် ရဲဘက်သုံး ရဟတ်ယာဉ်ပျက်ကျ၊ ရဟတ်ယာဉ်မောင်း အပြင်းအထန် ဒဏ်ရာရ


အမေရိကန်နိုင်ငံ အာကင်ဆောပြည်နယ် မြို့တော် Little Rock မြို့မှာ သြဂုတ် ၂၂ ရက်နေ့က ရဲတပ်ဖွဲ့သုံး ရဟတ်ယာဉ်တစီး ပျက်ကျခဲ့တာကြောင့် ရဟတ်ယာဉ်မောင်းသူ အပြင်းအထန် ဒဏ်ရာရရှိသွားပါတယ်။

ရဟတ်ယာဉ်ဟာ ပျံတက်ရာနေရာအထက်မှာ မတည်မငြိမ်ဖြစ်ခဲ့ပြီး ပျက်ကျခဲ့ရာမှာ ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားခဲ့ပါတယ်။
ရဟတ်ယာဉ်မောင်းသူဟာ ဝီလီယံဒန်နီယိုဆိုသူ အငြိမ်းစား အရာရှိတဦးဖြစ်ပြီး ဦးခေါင်းမှာ ဒဏ်ရာအပြင်းအထန် ရခဲ့ပေမယ့် အခြေအနေ တည်ငြိမ်မှု ရှိလာပြီဖြစ်တယ်လို့ Little Rock မြို့တော် ရဲတပ်ဖွဲ့က ပြောကြားပါတယ်။

DVB

0 comments:

Post a Comment