Tuesday, August 28, 2018

ဆွာမြို့ရှိ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ယာဘက်အခြမ်း ပဲ့ကျခဲ့ရာ ရေကြီးရေလျှံမှုဖြစ်ပေါ်သည့်နေရာများ၌ တပ်မတော်သား များ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေ


ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့ရှိ ဆွာချောင်းရေလှောင်တမံ၏ ပင်ပရေပိုလွဲတံခါးသည် ယနေ့နံနက်ပိုင်းတွင် ပဲ့ကျမှုဖြစ်ပွားခဲ့ရာ ရန်ကုန် - 
မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၆၁ မှ ၁၆၆ ကြား ၊ ရေတာရှည်မြို့နှင့် သာဂရကျေးရွာကြားရှိ ရန်ကုန် မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၉၆ မှ ၂၀၄ မိုင်ကြားတို့၌ လမ်းပေါ် ရေကျော်မှုများ ဖြစ်ပေါ်ခဲ့သည်။

ဆွာမြို့အပါအ၀င် ကုန်းကြီးအရှေ့
ကျေးရွာ ၊ ကုန်းအနောက် ကျေးရွာတို့၌ ရေ၀င်နစ်မြုပ်မူများ ဖြစ်ပေါ်လျက်ရှိသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။
အဆိုပါရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသည့် နေရာများသို့ တောင်ငူတပ်နယ်နှင့် ရေတာရှည်တပ်နယ်တို့ မှ တပ်မတော်သားများက သွားရောက်၍ ရေဘေးသင့်ပြည်သူများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ အရေးပေါ်ဆေးကုသမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။





0 comments:

Post a Comment