Sunday, August 26, 2018

အိန္ဒိယတွင် ၄ ထပ်မြင့်အဆောက်အဦ ပြိုကျပြီး လူများ ပိတ်မိ


အိန္ဒိယနိုင်ငံ ဂူဂျာရက်ပြည်နယ် အာမက်ဒဘက်မြို့မှာ သြဂုတ် ၂၆ ရက် ညက ၄ ထပ်မြင့်တဲ့ လူနေအဆောက်အဦ ပြိုကျခဲ့ပြီး လူအတော်များများ ပိတ်မိနေပါတယ်။

ဒီအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး အပြိုအပျက်တွေအောက် ပိတ်မိနေတဲ့ အသက်ရှင်သူတွေကို ရှာဖွေနေပါတယ်။
အဲဒီ အပြိုအပျက်တွေအောက်မှာ လူ ၁၀ ဦးဝန်းကျင် ပိတ်မိနေတယ်လို့ အရန်မီးသတ်တပ်ဖွဲ့ အကြီးအကဲက ပြောခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

DVB

0 comments:

Post a Comment