Tuesday, August 28, 2018

တပ်သတင်းပြန်ကြားရေး ဖေ့စ်ဘွတ်စာမျက်နှာများဖြုတ်ချခံရခြင်း အချုပ်အခြာအာဏာအားစော်ကားခြင်းဖြစ် ဟုလွှတ်တော်ကိုယ်စားလှယ် များပြောဆို


တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးဦးမင်းအောင်လှိုင် အပါအ၀င် တပ်၏သတင်းပြန်ကြားရေးဖေ့စ် ဘွတ်စာမျက်နှာများဖြုတ် ချခံရခြင်းသည် တိုင်းပြည်၏အချုပ်အခြာအာဏာ အားစော် ကားခြင်းဖြစ်ကြောင်း ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ပြောဆိုလိုက်သည်။

“လူပုဂ္ဂိုလ်ဆိုတာထက်နိုင်ငံတော်မှာ တပ်မတော်ဆိုတာ ခိုင်မာတဲ့ အင်စတီကျူးရှင်းတစ်ခုပဲလေ နိုင်ငံတော်ရဲ့နိုင်ငံတော်ရဲ့ကာကွယ်ရေး လေ့ကျင့်ရေး၊ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ တာဝန်တွေကို ထမ်းဆောင်နေတဲ့အဖွဲ့အစည်းတစ်ရပ်ပဲ ဒီအဖွဲ့အစည်းက သူ့ရဲ့ကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေတင်ထားတဲ့ အကောင့်တွေ နောက်တစ်ခုက မြ၀တီရုပ်သံဆိုရင်လည်းပဲ ပြည်သူတစ်ရပ်လုံးအတွက် ပြန်ကြားရေးမူဝါဒနဲ့အညီထုတ်ပြန်နေတဲ့ သတင်းဌာနတစ်ခုပဲ ဒါတွေကို အကြောင်းပြချက်မခိုင်လုံပဲနဲ့ ပယ်ပလိုက်တယ်ဆိုတာ တစ်ဖက်သတ်သိပ့်ဆန်လွန်းအားကြီးတယ်။ ပြောမယ်ဆိုရင်တော့ ငါတို့တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကိုစော်ကားလိုက်သလိုပဲ နိုင်ငံတော်အစိုးရပိုင်းကလည်း ဒါကို ပြတ်ပြတ်သားသားနဲ့ တုံ့ပြန် ဖို့သင့်တယ်” ဟု ဦးသောင်းအေးကပြောသည်။
ထို့ပြင် လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ပိတ်လိုက်ခြင်းသည် တဖက်သတ်ဆန်လွန်းခြင်းဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် ယခုကဲ့သို့ ပိတ်လိုက်ခြင်းအပေါ် အားလုံးက လက်မခံသင့်ကြောင်းလည်း ဦးသောင်းအေးကပြောကြားခဲ့သည်။
တပ်မတော်ကာကွယ်ရးဦးစီးချုပ်ရုံး၏စာမျက်နှာအပါအ၀င် Facebook အကောင့်များ၊ တပ်မတော်မှ Page များ၊ မြ၀တီရုပ်မြင်သံကြား Page များကို ပိတ်သိမ်းလိုက်ကြောင်း နှင့် လူ့အဖွဲ့အစည်း ၂၀ ကိုလည်း ဖယ်ရှားလိုက်ကြောင်း Facebook ကသြဂုတ်လ ၂၇ ရက်နေ့ က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ထိုကဲ့သို့ ပိတ်လိုက်ရခြင်းအကြောင်းအရင်းသည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏အချက်အလက်ရှာဖွေရေးမစ်ရှင် အပါအ၀င် နိုင်ငံတကာကျွမ်းကျင်သူများက လူပုဂ္ဂိုလ်နှင့်အဖွဲံအစည်းတချို့ သည် မြန်မာနိုင်ငံတွင်ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက် မှုများကျူး လွန်နေသည့် အထောက်အထားများရှာဖွေတွေ့ရှိခဲ့ကြောင်းနှင့် လူမျိုးရေး၊ဘာသာရေး တ.င်းမာမှုများမြင့်တက်လာစေရန် ဖေ့စ်ဘွတ်ဝန်ဆောင်မှု အား အသုံးချနေမှုများအား မလိုလားသည့် အတွက် ပိတ်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
လူ့အခွင့်အရေးချိုးဖောက်သည်ဟု ပြောဆိုမှုများအပေါ် ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဒေါ်ခင်စောဝေက “ဒီအချုပ်အခြာအာဏာကို ကာကွယ်ဖို့တာဝန်သည် တပ်မတော်မှာ တာဝန်ရှိတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာ ဖြစ်သွားတဲ့ ဘင်္ဂလီအရေးအခင်း အကြမ်းဖက်မှုအပေါ် မှာ ကိုယ့်ရဲ့တိုင်းရင်းသားတွေအပေါ်မှာ ကာကွယ်ပေးခဲ့တဲ့ အတွက်ကျွန်မတို့ရခိုင်တိုင်းရင်းသားများကတော်တော်လေးအသက်အန္တရာယ်ကာကွယ်မှုတွေရခဲ့တယ်။ကျွန်မတို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရပါတယ်။မြန်မာနိုင်ငံမှာနေတဲ့တိုင်းရင်းသားတွေအပေါ်မှာ ကာကွယ်မပေး ဘူးဆိုလို့ရှိရင် တော့ ဒီတပ်မတော်သားတွေ ရဲလုံခြုံရေးတွေ တာဝန်ကျေပါ့မလားလို့ ကျွန်မမေးချင်တယ်။နိုင်ငံတကာက ဒီလိုဖိအားမျိုးတွေပေးလာတာကတော့ ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ပါဘူး” ဟု ၎င်း ကထောက်ပြပြောဆိုခဲ့သည်။
တပ်မတော်၏ ဖေ့စ်ဘွတ်အကောင်များပိတ်လိုက်ခြင်းအား တပ်မတော်ဘက်မှ ကြေညာချက်များထုတ်ပြန်သကဲ့သို့ အစိုးရအနေနဲ့လည်းကြေညာချက်များထုတ်ပြန်သင့်ကြောင်း ဒေါ်ခင်စောဝေကပြောကြားခဲ့သည်။
“နိုင်ငံတကာက ဒီလိုဖိအားမျိုးတွေပေးလာတာကတော့ ဘယ်လို နည်းနဲ့မှ လက်မခံနိုင်ပါဘူး။အစိုးရတွေကိုတော့ အန်တီတို့ မဝေဖန်တော့ဘူး။ ဒါပေမဲ့လည်းဒီလို တပ်မတော်တစ်ခုတည်းကို ဒီလိုမျိုးဖိအားပေးတာ အန်တီတို့ မကြိုက်ဘူး။ ဒါကိုတော့ အစိုးရအနေနဲ့ မနေ့ကဆိုရင် တပ်မတော်ကလည်း ထုတ်ပြန်ချက်တွေ ထုတ်ပြန် တဲ့အတွက်ကြောင့် အစိုးရအနေနဲ့လည်း တပ်မတော်လိုပဲ ထုတ်ပြန်ချက်တွေထုတ်ပေးဖို့ကောင်းပါတယ်” ဟု ၎င်း ကပြောသည်။
တိုင်းပြည်တစ်ခုသာယာဝပြောဖွံ့ဖြိုးတိုးတက်စေရေးမည့် တိုင်းပြည်တစ်ခုတည်ဆောက်မည်ဆိုပါက အစိုးရအနေဖြင့် တပ်မတော်နှင့်လည်းပူးပေါင်းရမည်ဖြစ်ကြောင်း၊ ပြည်သူများနှင့်လည်း လည်းပူးပေါင်းရမည်ဖြစ်ကြောင်း၊ ယခတပ်မတော်မှ ဖြစ်ပွားနေသည့် ကိစ္စအား အစိုးရအနေနဲ့ လျစ်လျူမရှုသင့်ကြောင်း၊ ထို့ပြင် အမျိုးသား ရင်ကြားစေ့ရေးအတွက် လည်း ဒီထက်ပိုမိုကောင်း မွန် လာအောင် လုပ်ဆောင်သင့်ကြောင်းလည်း ဒေါ်ခင်စောဝေမှ အကြံပြုပြောကြား ခဲ့သည်။

ယဉ်ကေနွယ်
The Fifth Wave News

0 comments:

Post a Comment