Monday, August 27, 2018

အစိုးရနှင့် Facebook ကြား သတင်းအချက်အလက်ဆိုင်ရာများ ဆွေးနွေးရန်ရှိ


အစိုးရနဲ့ Facebook ကြားမှာ ဘယ်လိုမျိုးသဘောတူညီချက်နဲ့ သတင်းအချက်အလက်ဆိုင်ရာတွေကို ဆောင်ရွက်မလဲဆိုတာကို ဆွေးနွေးသွားဖို့ရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောပါတယ်။

“မကြာသေးခင်က Facebook ရဲ့ Vice President လာသွားတယ်၊ လာသွားတဲ့အချိန်မှာ ကျွန်တော်တို့ အဲဒါတွေဆွေးနွေးတယ်၊ အထူးသဖြင့် အစိုးရနဲ့ Facebook ကြားမှာ ဘယ်လိုမျိုးသဘောတူညီချက်နဲ့ information တွေဘယ်လိုလုပ်မလဲဆိုတဲ့အပိုင်းမှာ ကျွန်တော်တို့ဆွေးနွေးခဲ့တယ်၊ ဒါပေမဲ့ အဲဒါတွေ မပြီးပြတ်သေးဘူး၊ နောက်တစ်ကြိမ် Facebook Team လာဖို့ရှိတယ်၊ လာတဲ့အခါမှာလည်း ဒါကိုထပ်ပြီးဆွေးနွေးမယ်” လို့ ဦးဇော်ဌေးက နိုင်ငံပိုင်သတင်းစာရဲ့မေးမြန်းချက်ကို ဖြေကြားထားပါတယ်။ တပ်မ တော်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကို Facebook က ဖယ်ရှားပစ်လိုက်ကြောင်း ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဦးဇော်ဌေးအား မေးမြန်းချက်ကို သြဂုတ် ၂၈ ရက် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
Facebook က ထုတ်ပြန်ချက်အရ အကောင့်ပေါင်း ၁၅ ခု၊ Page ပေါင်း ၅၂ ခုကို Community standard နဲ့မညီညွှတ်လို့ ဖြုတ်ချလိုက်တယ်လို့ ဆိုထားပါတယ်။ “ကျွန်တော်တို့က Community standard နဲ့ မညီဘူးဆိုပြီး ဘာကြောင့်ဖြုတ်ချရသလဲ၊ ဖြုတ်ရခြင်း အကြောင်းအရင်းကို မေးထားတယ်၊ ဒါတွေကို ဖြုတ်ချလိုက်တဲ့အပေါ်မှာ သက်ဆိုင်ရာ ကာယကံရှင်နစ်နာသူတွေကနေ အကောင့်တွေ Page တွေရအောင် ဘယ်လိုပြန်ပြီး လုပ်နိုင်မလဲ ဒါကိုမေးထားတယ်” လို့ ဦးဇော်ဌေးက နိုင်ငံပိုင်သတင်းစာ မေးမြန်းချက်ကို ဖြေကြားထားပါတယ်။
-ထွန်းထွန်း
Internet Journal

0 comments:

Post a Comment