Tuesday, August 28, 2018

ဗဟိုဘဏ်က တစ်လကျော်အတွင်း ကန်ဒေါ်လာ ကိုးသန်းကျော် ထုတ်ရောင်း

ပြည်တွင်းငွေကြေးဈေး ကွက်တွင် ငွေလဲနှုန်းတည်ငြိမ်ရေး ဗဟိုဘဏ်မှ တစ်လကျော်အတွင်း ကန်ဒေါ်လာ ၉ ဒသမ ၃ သန်း ထုတ်ရောင်းပေးထား ကြောင်း ဗဟိုဘဏ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒေါ်လာတန်ဖိုးတည်ငြိမ်စေ ရန် ဩဂုတ် ၂၇ ရက်တွင် ပုဂ္ဂလိကဘဏ်တစ်ဘဏ်လျှင် ကန်ဒေါ်လာ တစ်သိန်းနှုန်းဖြင့် ဘဏ် ခြောက်ဘဏ်သို့ ထုတ်ရောင်းပေး ပြီး ဒေါ်လာ ပမာဏများစွာကိုလည်း ပုဂ္ဂလိကဘဏ်များကို ချေးငွေအဖြစ် ထုတ်ပေးရန် ဗဟိုဘဏ်က စီစဉ်နေသည်။
ငွေကြေးဈေးကွက်တွင် ဒေါ် လာတန်ဖိုးမှာ ဩဂုတ် ၂၇ ရက် နံနက်က တစ်ဒေါ်လာ ၁,၅၁၇ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သော်လည်း ညနေတွင် တစ်ဒေါ်လာ ၁,၅၃၅ ကျပ်အထိ မြင့်တက်သည်။ ပြည် တွင်းငွေကြေးဈေးကွက်တွင် ကန် ဒေါ်လာတန်ဖိုး အတက်အကျများခြင်းကြောင့် ဇူလိုင် ၂၆ ရက်ကစတင်၍ ဗဟိုဘဏ်က ကန်ဒေါ်လာများ ထုတ်ရောင်းပေးခဲ့သည်။
‘‘ဒေါ်လာထုတ်ရောင်းပေး တာတွေ၊ ထုတ်ချေးမယ့်အစီအ စဉ်တွေကို လူတွေက ကွဲကွဲပြား ပြား မမြင်ဘူးဖြစ်နေတယ်’’ ဟု မြန်မာနိုင်ငံသားများဘဏ် အမှု ဆောင်အရာရှိချုပ်နှင့် မန်နေဂျင်းဒါရိုက်တာ ဒေါက်တာ သောင်း ဟန်က ပြောသည်။
ဗဟိုဘဏ်က ဒေါ်လာများ ထုတ်ရောင်းခြင်း၊ ထုတ်ချေးပေး မည်ဆိုသော်လည်း ပြည်တွင်းငွေ ကြေးဈေးကွက်တွင် ကန်ဒေါ်လာ တန်ဖိုးက တည်ငြိမ်ခြင်းမရှိသေး ပေ။
 နိုင်ငံတကာ အခြေအနေ ကြောင့် မြန်မာနိုင်ငံအနေဖြင့် ကန်ဒေါ်လာဈေးတည်ငြိမ်အောင် ဝင် ထိန်းမည်ဆိုပါက နိုင်ငံခြားအရန် ငွေများ ခဏအတွင်း ကုန်ဆုံးမည်ဟု ပြည်တွင်းစီးပွားရေးပညာရှင် ကြီးများနှင့် နိုင်ငံခြားစီးပွားရေး ပညာရှင်အချို့ ပြောကြားခဲ့သည့် အခြေအနေများကြောင့် လူအများက လက်ရှိအချိန်တွင် ဇဝေ ဇဝါဖြစ်နေကြောင်း ၎င်းက ပြော ကြားသည်။
မြန်မာနိုင်ငံ၏ ကုန်သွယ်မှု လိုငွေအခြေအနေကလည်း တစ် နှစ်လျှင် ပျမ်းမျှကန်ဒေါ်လာ ငါး ဘီလီယံမှ သုံးဘီလီယံအကြား ရှိနေခြင်းက လက်ရှိအချိန်တွင် ဒေါ်လာဈေး တည်ငြိမ်အောင် ထိန်းရန် အခက်အခဲရှိနိုင်သည်ဟု ဒေါက်တာ သောင်းဟန်က ပြောသည်။

7Day

0 comments:

Post a Comment