Wednesday, August 29, 2018

Facebook ၊ Google နဲ့ Twitter တို့ သတိထားနေကြဖို့ ဒေါ်နယ်ထရမ့် သတိပေး


နည်းပညာကုမ္ပဏီကြီး Google အနေနဲ့ ၎င်းနဲ့ ၎င်းအား ထောက်ခံသူတွေအပေါ်မှာ မမျှမတ ဘက်လိုက်ဖိနှိပ်ဆက်ဆံမှုတွေ ရှိခဲ့တယ်ဆိုပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တိုက်ခိုက်ပြောကြားလိုက်ရင်းနဲ့ ပြည်တွင်းအင်တာနက်ကုမ္ပဏီကြီးတွေအပေါ် ဝေဖန်ထိုးနှက်မှုတွေ ထပ်မံတိုးမြှင့်လုပ်ဆောင်လာခဲ့ပြန်ပြီ ဖြစ်ပါတယ်။

" Facebook ၊ Google နဲ့ Twitter တို့ ဆိုတာ တကယ်တော့ အတော်လေး အန္တရာယ်များတဲ့ နယ်မြေထဲ ချဉ်းနင်း သွားနေကြတာကို တွေ့ရပါတယ်၊ အဲဒီတော့ သူတို့ကို သတိသာ ထားနေကြလို့ပဲ ပြောချင်ပါတယ်" ဆိုပြီး သမ္မတ ထရမ့်က သတိပေးစကား ဆိုသွားပါတယ်။
အမေရိကန် ဆိုရှယ်မီဒီယာကုမ္ပဏီတွေအနေနဲ့ ကွန်ဆာတေးဗစ်တွေရဲ့ ထုတ်ဖော်သံတွေကို တိတ်ဆိတ်စေဖို့ ဖိနှိပ်မှုတွေ ရှိနေကြောင်း ထရမ့်က ပြီးခဲ့တဲ့အပတ်က ပြစ်တင်ခဲ့ပြီးနောက် ယခုအခါမှာလည်း အထက်ပါအတိုင်း ထပ်မံ တိုက်ခိုက်သွားခဲ့တာဖြစ်ပါတယ်။
Search Engine ဖြစ်တဲ့ Google ဆိုရင်လည်း Search results ပိုင်းမှာ လက်ဝဲယိမ်း မီဒီယာတွေပေါ် မျက်နှာသာပေး ဘက်လိုက်ပြီး အကြံအဖန် ကုလားဖန်ထိုးခဲ့တယ်လို့ ထရမ့်က စွပ်စွဲပုတ်ခတ်ခဲ့ပါတယ်။
တစ်ဘက်မှာတော့ အဆိုပါ ထရမ့်ရဲ့ စွပ်စွဲတိုက်ခိုက်မှုကို Google ဘက်က ပြန်လည် တုန့်ပြန်ချေပသွားခဲ့ပါတယ်။
Google Search ကို နိုင်ငံရေးလုပ်ငန်းအတွက် အသုံးချ၍ မရနိုင်ကြောင်း၊ Google အနေနဲ့ မည်သည့် နိုင်ငံရေး အယူသဘောအပေါ်မှာမှ ဘက်လိုက်လုပ်ဆောင်နေခြင်း မရှိကြောင်း ပြန်လည်တုန့်ပြန်သွားခဲ့ပါတယ်။

Mizzima - News in Burmese


0 comments:

Post a Comment