ဟောင်ကောင်မှာ ပြည်သူ့လွှတ်တော်အမတ် ဦးလင်းဇော်ထွန်း၊ ဇေယျာဖြိုးနဲ့ ကိုအောင်ဝင်းခိုင်တို့ တွေ့ဆုံခဲ့ကြတဲ့အကြောင်းအရာတွေကို ဒီကနေ့မနက်ပိုင်းမှာ တရားရုံးမှာ စစ်ဆေးမေးမြန်းပါတယ်။
တရားလွှတ်တော် ရှေ့နေ ဦးကိုနီအသတ်ခံရတာနဲ့ပတ်သက်လို့ စွဲချက်တင်ခံထားရတဲ့ သူတွေကို ၆၉ ကြိမ်မြောက် အဖြစ် ဒီနေ့မြောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်စစ်ဆေးရာမှာ မေးမြန်းခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ ရုံးထုတ်စစ်ဆေးမှုမှာ စွဲချက်တင်ခံထားရတဲ့ ဇေယျာဖြိုးကို သူ့ရှေ့နေက ၃ ရက်ကြာ စစ်ဆေးအပြီး တရားလိုရှေ့နေဦးနေလက ပြန်လှန်မေးခွန်းအဖြစ် ဒီကနေ့ စစ်ဆေးခဲ့ တာပါ။
အဲဒီစစ်ဆေးမှုမှာ ဇေယျာဖြိုးနဲ့အောင်ဝင်းခိုင် ပတ်သက်မှု အကြောင်းအရာတွေနဲ့ ဟောင်ကောင်တွင် လွှတ်တော်အမတ် ဦးလင်းဇော်ထွန်း ကိုဇေယျာဖြိုး ကိုအောင်ဝင်းခိုင်တို့ တွေ့ဆုံခဲ့ကြတဲ့အကြောင်းအရာတွေကို ဒီကနေ့မနက်ပိုင်းမှာ စစ်ဆေးမေးမြန်းခဲ့ပါတယ်။
စွဲချက်တင်ခံထားရတဲ့ ကြည်လင်းနဲ့ အောင်ဝင်းဇော်တို့ကိုတော့ စစ်ဆေးမေးမြန်းပြီး ဖြစ်ပါတယ်။
ကိုဇေယျာဖြိုးကို စစ်ဆေးလို့ပြီးခဲ့ရင် ဒီအမှုရဲ့ ၄ တရားခံ ဖြစ်စွဲချက်တင်ခံထားရတဲ့ အောင်ဝင်းထွန်းကို ဆက်လက် စစ်ဆေးမေးမြန်းမှာဖြစ်ပါတယ်။
DVB
0 comments:
Post a Comment