Wednesday, August 29, 2018

သုံးခွမြို့နယ်ပင်လယ်ပြင်တွင်ရောက်ရှိနေသည့် ပိုင်ရှင်မဲ့ကုန်တင်သင်္ဘောကြီးကို အာဏာပိုင်များ အနီးကပ်စောင့်နေ


ရန်ကုန်တိုင်းဒေသကြီး၊သုံးခွမြို့နယ်နှင့်ထိစပ်လျှက်ရှိသည့် မြန်မာ့ပင်လယ်ပြင်ပိုင်နက်တွင် ပြည်ပနိုင်ငံတစ်ခု၏ ပိုင်ရှင်မဲ့ကုန်တင်သင်္ဘောကြီးရောက်ရှိနေမှုနှင့်ပတ်သက်၍ တပ်မတော်၊ရဲတပ်ဖွဲ့နှင့်အထွေထွေအုပ်ချုပ်ရေးအ ဖွဲ့များက အနီးကပ်စောင့်ကြည့်မှုများပြုလုပ်နေကြောင်း သုံးခွမဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးနေ၀င်းက ပြောကြားသည်။

"အဲ့ဒိသင်္ဘောကြီးက မနေ့ကညနေပိုင်းလောက်မှာရောက်လာတာ။အဲ့ဒိအတွက် ဒီသင်္ဘောကြီးထဲမှာဘာတွေပါ တယ်။ဘယ်သူတွေရှိသလဲ။ဘာကြောင့်ရောက်လာလဲဆိုတဲ့အခြေအနေတွေကို သုံးခွမှာရှိတဲ့ နယ်မြေခံတပ်ရင်း ၊တပ်ဖွဲ့တွေ၊နယ်မြေခံရဲတပ်ဖွဲ့တွေနဲ့ စစ်ဘက်ရေးရာလုံခြုံရေး၊အထွေထွေအုပ်ချုပ်ရေးအဖွဲ့တွေကို သွားပြီးစောင့်ကြည့်နေကျပါတယ်”ဟု သုံးခွမဲဆန္ဒနယ်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးနေ ၀င်းက ပြောကြားသည်။
အဆိုပါ မြန်မာ့ပင်လယ်ပြင်သို့ရောက်ရှိနေသည့် ပိုင်ရှင်မဲ့ကုန်တင်ကြီး သုံခွမြို့နယ်၊သမစိတ္တကျေးရွာမှရေမိုင် ၇မိုင်ခန့်အကွာတွင်ရောက်ရှိနေခြင်းပြီး သင်္ဘောကိုယ်ထည်တွင် SAM RATULANGI PB 1600 ဟုရေးသားထား ကြောင်းနှင့် ၄င်းပိုင်ရှင်မဲ့သင်္ဘောကြီးသည် အင်ဒိုနီးရှားနိုင်ငံရှိ သင်္ဘောလိုင်းတစ်ခုမှဖြစ်ပြီး ၀န်တင်နိုင်သည့်ပမာဏမှာ ၁၈၂၄၇ တင်နိုင်သည့်သင်္ဘောကြီးဖြစ်ကြောင်းလည်းသိရသည်။

Photo : Khin Mgaye FB
The Fifth Wave News

0 comments:

Post a Comment