Sunday, August 26, 2018

စာသင်ကျောင်းဗီဒိုထဲက ပိုက်ဆံငါးသိန်းယူသွားပြီး ခြိမ်းခြောက်စာတွေ ရေးထားခဲ့လို့ ရဲတပ်ဖွဲ့က ၀င်စစ်ဆေးနေ


မော်လမြိုင်က ကျောင်းတစ်ခုမှာ ဗီဒိုအတွင်းက ပိုက်ဆံ ၅ သိန်းနှိုက်သွားပြီး ဘလက်ဘုတ်မှာ မီးရှို့မယ်/မိုင်းဆင်မယ်စသည်ဖြင့် ခြိမ်းခြောက်စာအချို့ရေးသားခဲ့တာကြောင့် ရဲတပ်ဖွဲ့က ၀င်ရောက်ရှင်းလင်းရေးလုပ်ပေးနေတယ်လို့ အခင်းဖြစ်နေရာကိုရောက်ရှိနေတဲ့ မွန်ပြည်နယ်ရဲတပ်ဖွဲ့ရဲအရာရှိတစ်ဦးက ပြောပါတယ်။

မော်လမြိုင်မြို့နယ် သီရိမြိုင်ရပ် အမက(၂)မူလွန်ကျောင်းမှာ အဆိုပါဖြစ်စဉ်ဖြစ်ပွားနေတာဖြစ်ပြီး လက်ရှိမှာ ရဲတပ်ဖွဲ့က မိုင်းရှာခွေးတွေ ၊ လူတွေနဲ့ အခန်းတွေကို လိုက်လံရှင်းလင်းပေးနေတယ်လို့ အဆိုပါရဲအရာရှိက ပြောပါတယ်။
“ကျောင်းမှာဆရာမတစ်ယောက်ရဲ့ဗီဒိုထဲမှာထည့်ထားတဲ့ပိုက်ဆံ ၅ သိန်း ကိုနှိုက်သွားပြီး ဘလက်ဘုတ်မှာ ကျောင်းကိုမီးရှို့မယ် ဘာညာရေးသွားလို့ အဖွဲ့တွေ လာစစ်ဆေးပေးနေတာပါ။ သူတို့လည်းသံသယရှင်းအောင်လို့ မိုင်းရှာခွေးတွေ၊ လူတွေနဲ့ အခန်းတွေလိုက်ရှင်းပေးနေတယ်။ ဘာမှထူးထူးခြားခြားမရှိပါဘူး” လို့ ၎င်းကထပ်လောင်းဆိုပါတယ်။
ဘလက်ဘုတ်မှာစာရေးသွားတဲ့အခန်းမှာ ပညာသင်ကြားနေတဲ့ကျောင်းသား/သူ ကလေးတွေကိုတော့သူတို့ရဲ့သက်ဆိုင်ရာမိဘတွေက စိုးရိမ်စိတ်နဲ့ ပြန်လည်ခေါ်ဆောင်သွားကြပြီး အခြားသောအခန်းက ကလေးငယ်တွေကတော့ စာဆက်လက်သင်ကြားနေတယ်လို့ သိရပါတယ်။
တစ်စုံတစ်ရာထူးခြားကိစ္စ မရှိကြောင်းနဲ့ ရဲတပ်ဖွဲ့က သေချာစွာ စစ်ဆေးနေတာကြောင့် ကျောင်းသား/မိဘတွေအနေနဲ့ မစိုးရိမ်ကြဖို့ ရဲတပ်ဖွဲ့က အသိပေးပြောဆိုထားပါတယ်။


Popular News Journal

0 comments:

Post a Comment