Thursday, August 23, 2018

ဖမ်းဆီးခံ ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် အာမခံ ပယ်ချခံရ


နိုင်ငံတော်သစ္စာဖောက်မှုနဲ့ဖမ်းဆီးခံထားရတဲ့ ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင် ကမ်ဆွမ်ခရဲ့ အာမခံကို သြဂုတ် ၂၂ ရက်နေ့က ထပ်မံပယ်ချလိုက်ပါတယ်။

ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ ခေါင်းဆောင် ကမ်ဆွမ်ခကို ဝန်ကြီးချုပ် ဟွန်ဆန်က မနှစ်က ဖမ်းဆီးခဲ့တာပါ။ ဒါ့အပြင် အမျိုးသားကယ်တင်ရေးပါတီကိုလည်း မနှစ် နိုဝင်ဘာလက ဖျက်သိမ်းခဲ့ပါတယ်။
သြဂုတ် ၂၂ ရက်နေ့က အတိုက်အခံခေါင်းဆောင် ကမ်ဆွမ်ခရဲ့ ကျန်းမာရေး အခြေအနေအရ အာမခံပေးဖို့ လျှောက်ထားရာမှာ ကမ္ဘောဒီးယား တရားရုံးချုပ်က ပယ်ချလိုက်တာပါ။
“ကမ်ဆွမ်ခကို လွှတ်ပေးပါက တိုင်းပြည် မငြိမ်မသက်ဖြစ်ပြီး နိုင်ငံရေးတည်ငြိမ်မှုကို ထိခိုက်နိုင်တယ်” လို့ အစိုးရရှေ့နေက ပြောကြားခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ ပါလီမန်ရွေးကောက်ပွဲမှာ အဓိက အတိုက်အခံ မရှိဘဲ လက်ရှိဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ကမ္ဘောဒီးယား ပြည်သူ့ပါတီကသာ  လွှတ်တော်အမတ်နေရာ ၁၂၅ နေရာစလုံးကို အနိုင်ရရှိခဲ့တယ်လို့ ဂျပန်တိုင်းမ်စ်သတင်းမှာ ဖော်ပြထားပါတယ်။

DVB

0 comments:

Post a Comment