Sunday, August 26, 2018

လွှတ်တော်တွင် အရပ်စကားမပြောရန် ဦးတီခွန်မြတ် သတိပေး


လွှတ်တော်မှာ အရပ်စကားမပြောဖို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က သတိပေးပြောကြားလိုက်ပါတယ်။

သြဂုတ်လ ၂၇ ရက်နေ့ ပြည်ထောင်စုလွှတ်အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၂ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်နိုင်က ပညာရေးဝန်ကြီးဌာနရဲ့ ဘဏ္ဍာငွေသုံးစွဲမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးစဉ်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဝါးသွားပြီလို့ ထည့်သွင်းပြောဆိုခဲ့တဲ့အပေါ် သတိပေးလိုက်တာပါ။
ဒီပြောဆိုမှုဟာ လွှတ်တော်ကိုယ်စားလှယ်တဦးပြောရမယ့် စကားမဟုတ်ဘဲ အရပ်သုံးစကားမျိုး ဖြစ်နေတဲ့အတွက် ကိုယ်စားလှယ်တဦးရဲ့ ဂုဏ်သိက္ခာနဲ့အညီ စကားလုံးတွေကို ပြောဆိုသုံးနှုန်းဖို့ အရပ်စကားမပြောဖို့ ပြည်ထောင်စုလတ်တော် နာယက ဦးတီခွန်မြတ်က သတိပေးပြောဆိုခဲ့ပါတယ်။
ကိုယ်စားလှယ် သုံးနှုန်းခဲ့တဲ့ ဝါးသွားပြီဆိုတဲ့ အသုံးအနှုန်းကို လွှတ်တော် မှတ်တမ်းကနေ ပယ်ဖြတ်ဖို့လည်း လွှတ်တော်နာယကက ဆက်လက်ကြေညာလိုက်ပါတယ်။

DVB

0 comments:

Post a Comment