မြန်မာနိုင်ငံ၏အနာဂတ်ရာသီဥတုပြောင်းလဲမှုကြိုတင်ခန့်မှန်းချက်အသစ်အရရေလွှမ်းမိုးမှုေ ဘးဖြစ်နိုင်ချေများနှင့်ပင် လယ်ရေမျက်နှာပြင်မြင့်တက်လာ ခြင်းတို့အားတွေ့ရှိရကြောင်းသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြ ည်ထောင်စုဝန်ကြီးဦးအုန်းဝင်းကပြောသည်။
ပြည်ထောင်စုဝန်ကြီးဦးအုန်း ဝင်းက"မြန်မာနိုင်ငံရဲ့အနာဂ တ်ရာသီဥတုပြောင်းလဲမှုကြိုတင်ခန့်မှန်းချက်အသစ်မှာအပူချိန်လွန်ကဲနေ့ရက်များပိုမိုများပြားလာခြင်း၊ မိုးရေချိန်မြင့်တက်လာခြင်း ၊ မိုးခေါင်ရေရှားမှုဖြစ်စဉ်များရေကြီးရေလွှမ်းမိုးခြင်းများရေလွှမ်းမိုးမှုဘေးဖြစ်နိုင်ချေများနှင့်ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်းတို့အားတွေ့ရှိရပါတယ်"ဟုပြောကြား ခဲ့သည်။
ယနေ့နံနက်ပိုင်းကနေပြည်တော် တွင်ကျင်းပခဲ့သောမြန်မာနိုင်ငံရှိတက္ကသိုလ်များတွင်ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာဘာသာရ ပ်ကိုအားဖြည့်သင်ကြားပို့ချ နိုင်ရေးအစပျိုးနိုင်မည့်အလုပ်ရုံဆွေးနွေးပွဲအဖွင့်မိန့်ခွန်းတွင်ယင်းကဲ့သို့ပြော ကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်(၂၀၀၈)ခုနှစ်ကနာဂစ်မုန်တိုင်းဖြစ်ပွားပြီးနောက်ပိုင်းပြင်းထန်သောမိုးလေဝသဖြစ်စဉ်ဖြစ်ပွားမှု အကြိမ်ရေများထူးခြားစွာတိုး ပွားလာခဲ့ကြောင်းသိရသည်။
ရာသီဥတုပြောင်းလဲမှုများမှာက မ္ဘာနှင့်အဝှမ်းရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုအဆိုးရွားဆုံးခြိမ်းခြောက်လျှက်ရှိပြီး အထူးသဖြင့်ဖွံ့ဖြိုးမှုအနည်း ဆုံးနိုင်ငံများကရာသီဥတုပြောင်းလဲမှုဒဏ်ကိုပိုမိုဆိုးရွားစွာခံစား
နေရခြင်းဖြစ်သည်။
ဖူးဖူးအောင်
0 comments:
Post a Comment