Wednesday, August 15, 2018

"အဆိုတော်ရသကို မူးယစ်ဆေးများနှင့်အတူ မန္တလေးတွင် ဖမ်းမိ"


ဟစ်ဟော့ပ်အဆိုတော် ရသအပါအဝင် သုံးဦးကို မန္တလေး မြို့ရှိ ဧည့်ရိပ်မွန်တစ်ခုတွင် မူး ယစ်ဆေးဝါးများနှင့်အတူ ယမန် နေ့က ဖမ်းဆီးရမိပြီး မူးယစ်ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ထားသည်။

အဆိုတော်ရသ အပါအဝင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးပါ သုံးဦးကို ချမ်းမြသာစည် မြို့နယ်ရှိ ဧည့်ရိပ်မွန်တစ်ခုတွင် မူးယစ်ဆေးဝါးများနှင့် အတူ ရောက်ရှိနေကြောင်း သတင်းရ၍ မူးယစ်ရဲတပ်ဖွဲ့က သြဂုတ် ၁၄ ရက် မွန်းလွဲ ၃ နာရီက ဝင်ရောက် ဖမ်းဆီးခဲ့သည်။
‘‘အဆိုတော်ရသကို စိတ်ကြွ ဆေးပြားတွေ၊ မူးယစ်ဆေးသုံး တဲ့ ကိရိယာတွေနဲ့ တွေ့ရှိတယ်။ ဆက်စပ်တရားခံကတော့ စုံစမ်းစစ်ဆေးနေတုန်းပဲ ရှိသေးပါတယ်။မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက် လို့ ကြားတဲ့အခါ အမျိုးသားရေး တာဝန်တစ်ရပ်နဲ့ ရှာဖွေဖမ်းဆီး ခြင်းဖြစ်ပါတယ်။ ရန်ကုန်က အဆိုတော်တစ်ယောက် ဖမ်းမိတဲ့ အမှုနဲ့ ပတ်သက်မှုတော့မရှိဘူး’’ ဟု အောင်ပင်လယ်နယ်မြေရဲတပ် ဖွဲ့ စခန်းမှူး ရဲအုပ်စိန်ထွန်းဦးက ပြောသည်။
ဧည့်ရိပ်မွန်အခန်းအတွင်း ရသ(ခ)ရဲမင်းသိန်းနှင့်အတူ မျိုး တင့်၊ အမျိုးသမီးတစ်ဦးကို တွေ့ရှိပြီး အိပ်ရာဘေးစားပွဲပေါ်တွင် WY လိမ္မော်ရောင် စိတ်ကြွဆေးပြား ၁,၆၅၅ ပြားနှင့် မူးယစ်ဆေးသုံးစွဲရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့ကြောင်း ဆို သည်။
အဆိုပါ မူးယစ်ဆေးဝါးများ ကို ကျောက်မဲမြို့ရှိ အမျိုးသား တစ်ဦးထံမှ သြဂုတ် ၁၂ ရက်က သွားရောက်ဝယ်ယူပြီး မန္တလေး မြို့သို့ပြန်လာစဉ် တည်းခိုခန်းတွင် ဖမ်းဆီးခံရကြောင်း ကနဦးထွက် ချက်များ၌ ဖော်ပြထားသည်။
ဖမ်းဆီးခံရမှုတွင် ပါဝင်သည့် အမျိုးသမီးသည် အခင်းဖြစ်ပွားသည့် ရပ်ကွက်၌ နေထိုင်သူဖြစ် ကာ မန္တလေးမြို့သို့ ရောက်ရှိနေ ကြောင်း ဖုန်းဖြင့် ဆက်သွယ်ချက် အရ သွားရောက်တွေ့ဆုံစဉ် ဖမ်း ဆီးခံရခြင်းဖြစ်ကြောင်း တိုင်းရဲ တပ်ဖွဲ့မှူးရုံးမှ သိရသည်။
အဆိုတော်ရသသည် ဟစ်ဟော့ပ်ဂီတ ဒုတိယမျိုးဆက်များ အနက် ထင်ရှားသည့် မျိုးဆက် တစ်ဦးဖြစ်ပြီး သီချင်းရေးသား သည့်ဘက်တွင်လည်း ထူးချွန်သူ ဖြစ်သည်။ စာဖတ်အားကောင်းပြီး ကဗျာအချို့ ကိုယ်တိုင်ရေးသား ခဲ့သည်။
၎င်းသည် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမို ကရေစီပါတီသစ်မှ မရမ်းကုန်းမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်လည်း ယင်းပါတီမှပင် အမျိုးသားလွှတ်တော် ကိုယ်စား လှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည်။ သို့သော် ရွေးကောက်ပွဲနှစ်ခုစလုံးတွင် ရှုံးနိမ့်ခဲ့သည်။
‘‘သူနဲ့ ပတ်သက်ပြီးတော့ ပြောစရာနှစ်ချက်ရှိပါတယ်။ တစ်ချက်က သူသည် ပါတီကနေ တရားဝင်လည်း ထွက်စာမတင် ထားဘူး။ ပါတီကလည်း တရား ဝင်ထုတ်ထားတာမရှိဘူး။ ဒါပေမဲ့ သူသည် ပါတီနဲ့ ၂၀၁၅ ရွေး ကောက်ပွဲပြီးကတည်းက ကင်း ကွာအဆက်ပြတ်နေတယ်။ ကြာ ပြီပေါ့။ နောက်တစ်ချက်က တရားရုံးက သူ့ကို အပြစ်ရှိကြောင်း ဆုံး ဖြတ်ရင် ကျွန်တော်တို့ ပါတီလုပ် ထုံးလုပ်နည်းအတိုင်း ဆောင်ရွက် သွားပါမယ်’’ဟု အမျိုးသားဒီမိုကရေစီပါတီသစ် ပါတီရုံးအဖွဲ့မှ ဦးနေဝင်းသန်းက ပြောသည်။
ရသ အပါအဝင် သုံးဦးကို အောင်ပင်လယ် နယ်မြေရဲစခန်း တွင် မူးစိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်ဖမ်းဆီးထားပြီး မူးယစ် ဆေးဝါးသုံးစွဲထားခြင်း ရှိ၊ မရှိ စစ်ဆေးထားကာ နေ့ချင်းပင် ချမ်းမြ သာစည်မြို့နယ်တရားရုံး၌ ရုံး ထုတ်ပြီး သြဂုတ် ၁၄ မှ ၂၇ ရက်အထိ ချုပ်ရက်ရမန်ယူထားသည်။
မန္တလေးတိုင်းရှိ ကျောက် ဆည်၊ သပိတ်ကျင်း၊ မိတ္ထီလာနှင့် ရမည်းသင်းမြို့နယ်တွင် သြဂုတ် ၁၄ ရက် တစ်ရက်တည်း စိတ်ကြွ ရူးသွပ်ဆေးပြား ၅,၀၀၀ ကျော်နှင့် ဘိန်းဖြူ ကျပ်သိန်း ၆၀၀ ကျော်ဖိုးဖမ်းဆီးရမိသည်။

သတင်း - ဖြိုးဖြိုးဇော်
ဓာတ်ပုံ - ဖြိုးဖြိုးဇော်
ပုံစာ - ရသနှင့် အပေါင်းပါနှစ်ဦးကို ရုံးထုတ်လာစဉ်

7Day News Journal

0 comments:

Post a Comment