Monday, August 13, 2018

ဒုက္ခသည်တွေကို ထုတ်ပေးမယ့် ကတ်ပြားမှာ ဝေါဟာရ အစားထိုးပြင်ဆင်ဖို့ ဘင်္ဂလားဒေ့ရှ် သဘောတူ


ဒီသီတင်းပတ်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီ နဲ့ မြန်မာအစိုးရ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြရာမှာ ရခိုင်ပြည်နယ်က ထွက်ပြေးသွားခဲ့ကြတဲ့ ဒုက္ခသည်တွေကို ထုတ်ပေးမယ့် အသိအမှတ်ပြု ကတ်ပြားမှာ မြန်မာနိုင်ငံသားများ ဆိုတဲ့ ဝေါဟာရအစား ရခိုင်ပြည်နယ်က နေရာရွှေ့ပြောင်း ရသူများလို့ အစားထိုး ပြင်ဆင်ဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က သဘောတူခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အရာရှိတစ်ဦး ကပြောဆိုတယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် ဘီနား သတင်းက ဖော်ပြပါတယ်။

ဒီအတွင်း ရခိုင်ပြည်နယ်က မွတ်စလင် ဒုက္ခသည်တွေအအရေးနဲ့ပတ်သက်ပြီး မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် က မြန်မာအစိုးရအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလိုက်ပါတယ်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့လုပ်ရပ်တွေဟာ ယဉ်ကျေးတဲ့ နိုင်ငံတွေရဲ့ အပြုအမူမဟုတ်ကြောင်း၊ အဲဒီလို ဖြစ်ရပ်တွေကို မတားဆီးနိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စိတ်ပျက်မိကြောင်း အေပီ သတင်း က တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဒုက္ခသည်တွေကို မလေးရှားနိုင်ငံမှာ လက်ခံမလားလို့ အေပီသတင်းက မေးမြန်းရာမှာတော့ မဟာသီယာက မလေးရှားမှာ တရားမဝင်ရော တရားဝင်ရော ရောက်ရှိနေကြတဲ့ နိုင်ငံခြားသား ၇ သန်း လောက် ရှိနေတဲ့အတွက် သိပ်များနေပြီလို့သာ ဖြေကြားခဲ့ပါတယ်။

RFA

0 comments:

Post a Comment