Monday, August 13, 2018

နေရပ်စွန့်ခွာများပြန်လာရေး ကောင်းမွန်သည့်အခြေအနေကို ဖန်တီးပေးဖို့လိုကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

ရခိုင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာဘင်္ဂါလီများပြန်လာရေးအတွက် ကောင်းမွန်သည့်အခြေအနေကို ဖန်တီးပေးရန်လိုကြောင်း ရခိုင်ပြည်နယ်သို့ နေ့ချင်းပြန်ခရီးစဉ်လာရောက်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr.Abul Hassan Mahmood Ali မှ သြဂုတ်လ ၁၁ ရက်နေ့တွင် ပြောသည်။
Mr.Abul Hassan Mahmood Ali က “ကောင်းမွန်တဲ့အခြေအနေကို ပြန်လည်ဖန်တီးပေးဖို့လိုတယ်၊ ဒါမှမဟုတ်ရင်သူတို့မလာဘူး” ဟု ပြောသည်။ ဒါ့အပြင် နေရပ်စွန့်ခွာဘင်္ဂါလီတွေပြန်လာပါက ၎င်းတို့ကို မူလနေရာတွင်ချထားပေးရန် လိုအပ်သည်ဟုလည်း သူကဆိုသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး၏ ရခိုင်ခရီးစဉ်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်အရ နေရပ်စွန့်ခွာဘင်္ဂါလီများအား မောင်တောဒေသတွင် ပြန်လည်လက်ခံရေး၊ ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည် နေရာချထားရေးတို့အတွက် မောင်တောဒေသတွင် ဆောင်ရွက်ထားမှုများကို သွားရောက်ကြည့်ရှုခဲ့ကြသည်။ မောင်တောဒေသတွင် အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက်ပိုင်း တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာသွားကြတဲ့ ဘင်္ဂါလီများအား ပြန်လည်လက်ခံရေးအတွက် တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်း၊ ငါခူရပြန်လည် လက်ခံရေးစခန်း၊ လှဖိုးခေါင်ကြားစခန်းနှင့် Boder Line တွင် တရားမဝင်နေထိုင်နေတဲ့ ဘင်္ဂါလီများကိုလည်း သွားရောက်ကြည့်ရှုခဲ့သည်။ Development Media Group

0 comments:

Post a Comment