Sunday, August 19, 2018

ခန္တီးတွင် ပေါက်ကွဲမှုဖြစ် လူတစ်ဦးသေဆုံး


စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် မှန်ပင်ကျေးရွာတွင် သြဂုတ်လ ၁၉ ရက် ညပိုင်း ၈ နာရီအချိန်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နေအိမ်အတွင်းရှိ (1000 W) ဆိုလာပြား နှင်း ၁၂ ဗို့ (12 V) ဘတ်ထရီ တွဲဆက်၍ မီးထွန်းထားစဉ် အပူလွန်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အနီးရှိ နေလင်းအောင် (၁၄) နှစ်မှာ ပေါက်ကွဲမှုကြောင့် ခန္ဓာကိုယ်တစ်စီဖြစ်ကာ သေဆုံးခဲ့ရသည်။
ယင်းပေါက်ကွဲမှုကြောင့် နေအိမ်အတွင်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး တစ်သိန်းငါးသောင်း ကျပ်ခန့်ရှိကာ ယင်းသေဆုံးမှုနှင့်ပတ်သက်၍ သေမှုသေခင်းအမှတ်စဉ် (၆/၂၀၁၈) ဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

နိုင်လင်းဦး

The Fifth Wave News

0 comments:

Post a Comment