Wednesday, May 1, 2019

မေဒေးတွင် အလုပ်သမား ၆၀၀ ကျော် ဆန္ဒပြ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေပြင်ဆင်ပေးရေး အပါအဝင် အချက်ခြောက်ချက်တောင်းဆို



ခွင့်ရက်နှင့် အလုပ်ပိတ် ရက်နည်းဥပဒေ အမြန်ဆုံးပြင် ဆင်ပေးရေးအပါအဝင် အချက် ခြောက်ချက်ကို အလုပ်သမား ၆၀၀ ကျော်က မေဒေး (အပြည် ပြည်ဆိုင်ရာ အလုပ်သမားနေ့) တွင် ရန်ကုန်မြို့၌ ဆန္ဒပြတောင်း ဆိုသည်။ 
မေလ ၁ ရက်တွင် လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းနှင့် မှော်ဘီမြို့နယ်ရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမား ၆၀၀ ကျော်က သခင် မြပန်းခြံရှေ့မှ မဟာဗန္ဓုလပန်းခြံ ရှေ့အထိ ချီတက်တောင်းဆိုခဲ့ ခြင်းဖြစ်သည်။ 

အနည်းဆုံး လုပ်ခလစာ တစ်နှစ်လျှင် တစ်ကြိမ် ပြင်ဆင်သတ် မှတ်ပြောင်းလဲပေးရန်၊ အလုပ် သမားရေးရာ ကိစ္စရပ်များကို တရားစွဲဆိုရာတွင် အလုပ်သမား ဆိုင်ရာ အထူးတရားရုံးပေါ်ပေါက် ရေး သက်ဆိုင်ရာတာဝန်ရှိသူများ ဖြစ်သည့် တရားစီရင်ရေး၊ အုပ် ချုပ်ရေး၊ ဥပဒေပြုရေးမဏ္ဍိုင်များ မှ တာဝန်ရှိ လူပုဂ္ဂိုလ်များ အမြန် ဆုံးကြိုးပမ်းဆောင်ရွက်ရန်နှင့် အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များကို ပစ်မှတ်ထားအလုပ်ထုတ် ပယ်ခြင်းများ ရပ်တန့်ရန် စသည့် အချက်များအပါအဝင် အချက် ခြောက်ချက် တောင်းဆိုသည်။ 

အလုပ်သမားသမဂ္ဂအဖွဲ့ ဝင်များကို ခွဲခြားဆက်ဆံခြင်း၊ အ လုပ်သမားသမဂ္ဂ စတင်တည် ထောင်သည့် အလုပ်သမားများ ကို အလုပ်မှ ထုတ်ပယ်ခြင်း အစ ရှိသည့် နည်းလမ်းများကို အသုံး ပြုကာ အလုပ်သမားသမဂ္ဂများကို ပြိုကွဲအောင် လုပ်ဆောင်နေမှုများ အား ပြည်သူ့အစိုးရက ထိရောက် စွာ အရေးယူပေးရန် တောင်းဆို ချက်တွင် ဖော်ပြသည်။ အလုပ် သမားသမဂ္ဂတည်ထောင်သူများ ကို တစ်နည်းအားဖြင့် အလုပ် သမားသမဂ္ဂများ၏ စည်းရုံးပိုင်ခွင့် ကို အကာအကွယ်ပေးသည့် အ ပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ (ILO)၏ ပြဋ္ဌာန်းချက် အမှတ်(၉၈)ကို အစိုးရက လက် မှတ်ရေးထိုးပေးရန်လည်းတောင်း ဆိုသည်။ 

‘‘လက်ရှိမှာ မဖြစ်မနေလိုက် နာရမယ့် ဥပဒေတွေရှိပါတယ်။ အလုပ်သမားဥပဒေတွေ ပြင်ဆင် ရေးဆွဲတဲ့အခါမှာ အလုပ်သမား အသံ၊ အလုပ်ရှင်အသံ၊ အစိုးရရဲ့ သုံးသပ်ချက်တွေအားလုံး ပူး ပေါင်းပါဝင်တဲ့ ဥပဒေတွေပဲ ထွက်လာစေချင်ပါတယ်’’ဟု မြန်မာ နိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင် မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (MICS)မှ အ ငြင်းပွားမှုဖြေရှင်းရေး တာဝန်ခံ မချမ်းငြိမ်းသူက ပြောသည်။ 

ဆန္ဒပြအလုပ်သမားများက ‘အလုပ်သမားတရားရုံး အမြန် ဆုံးပေါ်ပေါက်ရေး တို့အရေး၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်နည်း ဥပဒေကို အမြန်ဆုံး ပြန်လည်ပြင် ဆင်ပေးရေး တို့အရေး၊ အလုပ် သမားအရေး မဖြေရှင်းဘဲ တိုင်း ပြည်ဒီမိုကရေစီမရပါ၊ ILO ပြဋ္ဌာန်းချက် ၉၈ အား အစိုးရမှ လက် မှတ်ရေးထိုးပေးရေး တို့အရေး’ စသည့်စာသားများ ရေးသားထား သော ဗီနိုင်းများ ကိုင်ဆောင်၍ ချီတက်တောင်းဆိုခဲ့သည်။ 


‘‘ဥပဒေပြင်ဆင်ရေးတွေမှာ လက်ရှိ ဖွင့်ရက်နဲ့ ပိတ်ရက်ဥပဒေ ကို ကျွန်တော်တို့ အလုပ်သမား အဖွဲ့အစည်းတွေကို အသိအမှတ် မပြုဘဲနဲ့ သူတို့ရဲ့ သဘောထား တစ်ခုတည်းနဲ့ ထုတ်ပြန်ကြေညာ လိုက်တယ်။ နောက် ဒီလိုမျိုး ထပ် မဖြစ်ဖို့အတွက် တကယ်သွားမယ် ဆိုရင် အလုပ်သမားတွေကတစ် ဆင့် သွားစေချင်တယ်။ အလုပ် သမားတွေရဲ့ ဆန္ဒတွေကို ဥပဒေ မှာ ထည့်သွင်းရေးဆွဲစေချင် တယ်’’ဟု ယမန်နေ့ ချီတက် တောင်းဆိုပွဲတွင် ပါဝင်သူ ဦးဖြိုး သိန်းက ပြောသည်။

7Day 

0 comments:

Post a Comment