နမ့်စန်မြို့နယ်တွင် ငွေကျပ်သိန်း ၆,၆၆၀ခန့် တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများကို ယခုရက်ပိုင်းအတွင်းက ဖမ်းဆီးရမိခဲ့သည်။
ဧပြီ ၃၀ ရက် နံနက် ၉ နာရီအချိန်ခန့်က မူးယစ်တပ်ဖွဲ့စု(၂၇)လွိုင်လင်မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နမ့်စန်မြို့နယ်၊ နမ့်စန်-ခိုလမ်သွားကားလမ်း၊ အမှတ်(၃)ကျေးရွာရှေ့၌ အိုက်ညီး မောင်းနှင်ပြီး စိုင်းခမ်းလူနှင့် စိုင်းကာခမ်းတို့လိုက်ပါလာသည့် TOYOTA Hilux Tiger အမျိုးအစား မော်တော်ယာဉ်ကိုရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်၏ ကြမ်းခင်း အံဝှက်အတွင်းမှ ဘိန်းဖြူ ဘလောက်တုံး ၈၀ တုံး(အလေးချိန် ၂၆ ဒသမ ၆၄ ကီလို - ဒေသကာလတန်ဖိုး ကျပ်သိန်း ၆,၆၆၀ခန့်)၊ ငွေ ၁၀၀,၀၀၀ ကျပ်နှင့် လက်ကိုင်ဖုန်း ၂ လုံး တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် စိုင်းခမ်းလူ(၄၈)နှစ်၊ အိုက်ညီး (၃၀)နှစ်၊ စိုင်းကာခမ်း(၃၂)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း မြန်မာနို်င်ငံရဲတပ်ဖွဲ့မှ သိရသည်။
Source - မြန်မာနိုင်ငံရဲတပ်ဖွဲ့
Popular News Journal
0 comments:
Post a Comment