Wednesday, May 1, 2019

အမေရိကန် တက္ကသိုလ်တစ်ခုမှာ သေနတ်ပစ်ခတ်မှုဖြစ်၊ နှစ်ဦး သေဆုံး


အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားပြည်နယ် ချားလော့တ်မြို့က မြောက်ကယ်ရိုလိုင်းနားအစိုးရတက္ကသိုလ် ပရဝုဏ်မှာ ဧပြီ ၃၀ ရက်က သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ရာ လူနှစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာတွေ ရသွားတယ်လို့ သိရပါတယ်။ 
ယင်းဖြစ်စဉ်မှာ ဧပြီ ၃၀ ရက်က ယင်းတက္ကသိုလ် ပရဝုဏ်ထဲမှာ သေနတ်ကိုင်ဆောင်ထားတစ်ယောက်က ကျောင်းသား၊ သူတွေကို လိုက်ပစ်နေခဲ့တဲ့အတွက် ရဲကို ချက်ချင်း လှမ်းခေါ်ခဲ့ရပါတယ်။ 

ယင်းနောက် အဆိုပါ သံသယရှိ သေနတ်သမားကို ရဲက ထိန်းသိမ်းဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းဟာ အသက် ၂၂ နှစ်အရွယ် ထရွိုင်စတန် အန်ဒရူး ဆိုသူ ဖြစ်တယ်လို့ ရဲက ထုတ်ဖော်ထားပါတယ်။ 

ယင်း ပစ်ခတ်မှုကြောင့် နှစ်ဦး သေဆုံးသွားပြီး လေးဦး ဒဏ်ရာ ရရှိသွားပါတယ်။ 

သေဆုံးသွားသူ နှစ်ဦးကတော့ အသက် ၁၇ နဲ့ ၁၈ အရွယ် ဆယ်ကျော်သက်လူငယ်တွေဖြစ်တယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြနေပါကြပါတယ်။ ဒဏ်ရာရသူ လေးဦးအနက် သုံးဦးက အခြေအနေ စိုးရိမ်ရတယ်လို့လည်း သိရပါတယ်။ 

ဘာကြောင့် ခုလို ပစ်ခတ်ရတာလဲဆိုတဲ့ အကြောင်းရင်းကို မသိရှိရသေးဘဲ အာဏာပိုင်တွေ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

ဒါဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကယ်လီဖိုးနီးယားပြည်နယ် ပိုဝေး မြို့က ဂျူးဘုရားကျောင်းတစ်ခုမှာ လူတစ်ဦးသေဆုံးတဲ့ သေနတ်ပစ်ခတ်မှု ဖြစ်စဉ် နောက်ပိုင်း ထပ်မံပေါ်ပေါက်လာတဲ့ ပစ်ခတ်မှုလည်း ဖြစ်ပါတယ်။

Mizzima - News in Burmese

0 comments:

Post a Comment