Wednesday, May 1, 2019

အိန္ဒိယမှာ ဆင်ရိုင်းတစ်ကောင် အစာရှာဖို့ မြို့ထဲ ဝင်လာလို့ လူအများ ထိတ်လန့်


အိန္ဒိယနိုင်ငံ အာသံပြည်နယ် ဂူဝါဟာတီ မြို့ထဲကို ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်က ဆင်ရိုင်းကြီးတစ်ကောင် ရုတ်တရက် ဝင်ရောက်လာခဲ့တဲ့အတွက် မြို့နေ ပြည်သူတွေ အထိတ်တလန့် ဖြစ်ခဲ့ကြရပါတယ်။ 
ယင်း ဆင်ရိုင်းအထီး ဟာ အမ်ချန်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောကနေ ထွက်ခွာလာခဲ့တာဖြစ်ပြီး မြို့ထဲကို အစာရှာဖို့ ရောက်လာခဲ့တာဖြစ်ပါတယ်။ 

ရုတ်တရက် မြို့ထဲ ရောက်လာတဲ့ အဆိုပါ ဆင်ရိုင်းကို မောင်းထုတ်ဖို့ မြို့ခံတွေ အတော်လေး အလုပ်များခဲ့ကြပါတယ်။ 

ယင်းနောက်ပိုင်း မြို့တွင်း လမ်းတွေမှာ လျှောက်သွားနေခဲ့တဲ့ ယင်း ဆင်ရိုင်းကို မေ့ဆေးပေးပြီး ဖမ်းဆီးခဲ့ကာ မူလနေရာကို ပြန်ပို့ဆောင်ဖို့ လုပ်ခဲ့ကြရပါတယ်။ 

အိန္ဒိယမှာတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း မြို့ပြဖော်ဆောင်မှုကြောင့် သစ်တော ဧရိယာအများအပြား ဆုံးရှုံးပျောက်ကွယ်ခဲ့ရတဲ့အတွက် ခုလိုမျိုး တောတွင်းတိရစ္ဆာန်တွေ လူနေအရပ်တွေဆီ ရောက်ရောက်လာတဲ့ဖြစ်စဉ်တွေ မကြာမကြာ ဖြစ်ပေါ်နေလျက် ရှိပါတယ်။

Mizzima - News in Burmese

0 comments:

Post a Comment