Tuesday, May 28, 2019

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ပူလစ်ဇာဆုလက်ခံရယူ


အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကိုလံဘီယာတက္ကသိုလ်မှာ မေလ ၂၈ ရက်က ကျင်းပတဲ့ ပူလစ်ဇာဆုချီးမြှင့်ပွဲအခမ်းအနားကို ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့တက်ရောက်ပြီး ပူလစ်ဇာဆုကို လက်ခံရယူခဲ့ကြပါတယ်။ 
ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ၂၀၁၉ ခုနှစ်အတွက် ပူလစ်ဇာဆုချီးမြှင့်ရေးအဖွဲ့ကချီးမြှင့်တဲ့ International Reporting ပူလစ်ဇာဆုရရှိခဲ့သလို၊ ကုလသမဂ္ဂရဲ့ ပညာရေး၊ သိပ္ဗံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO)က ချီးမြှင့်တဲ့ UNESCO/Guillermo Cano Press Freedom Prize သတင်းလွတ်လပ်ခွင့်ဆုကိုလဲ ရရှိထားပြီး၊ ၂၀၁၈ခုနှစ်အတွက် Aubuchon သတင်းလွတ်လပ်ခွင့်ဆုနဲ့ PEN America ကချီးမြှင့်တဲ့ ၂၀၁၈ ခုနှစ်အတွက် PEN/ Barbey Freedom to Write ဆုတွေကိုလဲ ရရှိထားကြပါတယ်။ 

၂၀၁၈ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့မှာ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင်တရားရုံးက နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ၃(၁)(ဂ)နဲ့ ထောင်ဒဏ် ၇နှစ်ချမှတ်ခံခဲ့ကြရတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ပြီးခဲ့တဲ့ မေလ(၇)ရက်နေ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ၁၆ / ၂၀၁၉ နဲ့ အကျဉ်းသား အကျဉ်းသူ ၆၅၂၀ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ရာမှာပြန်လည်လွတ်မြောက်ခဲ့ကြတာဖြစ်ပါတယ်။ 

Photo : Poppy McPherson
Popular News Journal 


0 comments:

Post a Comment