Monday, June 24, 2019

ငွေကြေးအရှုပ်အရှင်းများကြောင့် ယာယီဆိုင်းငံ့ခံထားရသော နိုင်ငံရေးပါတီ ၆ ပါတီရှိဟုဆို


ငွေရေးကြေးရေးအရှုပ်အရှင်းများကြောင့် ယာယီဆိုင်းငံ့ခံထားရသော နိုင်ငံရေးပါတီ ၆ ပါတီရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့မှအဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။ 
ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဇွန်လ ၂၄ ရက်ကကျင်းပသော ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများနှင့်တွေ့ဆုံပွဲအပြီးတွင် အကုန်သိသတင်းဌာနသို့ ဖြေကြားပေးခြင်းဖြစ်သည်။ 
“ သူတို့ရဲ့ပါတီအတွင်းတွေအရှုပ်အရှင်းတွေကြောင့် ငွေရေးကြေးရေးအရှုပ်အရှင်းတွေ၊ အဖွဲ့တွေ အရှုပ်အရှင်းတွေကြောင့် ဆိုင်းငံ့ထားတဲ့နိုင်ငံရေးပါတီတွေရှိတယ်။ ၆ ပါတီလောက်ရှိတယ်။ ၃ နှစ် ယာယီ ရပ်ဆိုင်းထားတာရှိတယ်။ ၆ လယာယီရပ်ဆိုင်းထားတာရှိတယ်’’ဟု ဦးမြင့်နိုင်ကပြောသည်။ 
လက်ရှိတွင်နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်ရှိပြီး မကြာမီ ၂၀၂၀ ရွေးကောက်ပွဲကျင်းပနိုင်ရန် မဲစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြုစုနေကြောင်း သိရသည်။ 
“ ရပ်ဆိုင်းထားတဲ့ကာလအတွင်းမှာ ဘာကြောင့်ဘယ်လိုဖြစ်တယ်ဆိုတာကို ပါတီကရှင်းပြအစီရင်ခံရမှာပေါ့။ တကယ်လို့ရှင်းနိုင်ရင်တော့ ကိစ္စပြီးပြတ်သွားမယ်။ အဲဒါကလည်း စာရင်းစစ်ကိုပါတီကသေချာရှင်းပြနိုင်ရမယ်။ ရပ်ဆိုင်းထားတဲ့အတောအတွင်းမှာ မရှင်းပြနိုင်ဘူးဆိုရင်တော့ အရေးယူတာခံရမှာပေါ့’’ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောသည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment