Thursday, June 27, 2019

မြောက်ကိုရီးယား နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးပွဲတွင် စီးပွားရေးပရောဂျက်များအား တွန်းအားအဖြစ် အသုံးပြုနိုင်


ကိုရီးယားနှစ်နိုင်ငံကြား ပြုလုပ်တဲ့ စီးပွားရေး ပရောဂျက်တွေကို မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ် ဖျက်သိမ်းရေး ဆွေးနွေးပွဲမှာ တွန်းအားအနေနဲ့ အသုံးပြုနိုင်တယ်လို့ ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းရေးဝန်ကြီးက ဇွန်လ ၂၇ ရက်နေ့မှာ ပြောလိုက်ပါတယ်။ 
အဲဒီပရောဂျက်တွေကြောင့် တနှစ်ကို သန်းချီတဲ့ အမေရိကန်ဒေါ်လာတွေ မြောက်ကိုရီးယားကို ရောက်နိုင်ပြီး ခေးဆောင်နဲ့ ကမ်ဂန်း ပရောဂျက်တွေကို မြောက်ကိုရီးယားနိုင်ငံ ဖွံ့ဖြိုးရေးအတွက် အသုံးပြုနိုင်တယ်လို့ ပေါင်းစည်းရေးဝန်ကြီး ကင်ယောင်ချူးက ပြောပါတယ်။ 

တောင်ကိုရီးယားဟာ ၂၀၁၆ ခုနှစ်က ခေးဆောင်စက်မှုဇုန် ပရောဂျက်နဲ့ ၂၀၀၈ ခုနှစ်မှာ ကမ်ဂန်းတောင် ခရီးစဉ်တွေကို ယာယီရပ်ဆိုင်းခဲ့ပါတယ်။ 

အဲဒီနှစ်ခုစလုံးဟာ ကိုရီးယားစစ်ပွဲ ပြီးဆုံးရေး သဘောတူစာချုပ်အရ နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ပူးပေါင်းဆောက်ရွက်တဲ့ အမှတ်လက္ခဏာ ဖြစ်ပါတယ်။ 

အမေရိကန်-မြောက်ကိုရီးယား တတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲအတွက် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးနေပြီး အမေရိကန်ဘက်က အလုပ်သဘော ညှိနှိုင်းဆွေးနွေးဖို့ အဆိုပြုထားတယ်လို့ တောင်ကိုရီးယား သမ္မတက ဇွန်လ ၂၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။ 

ဟနွိုင်း ထိပ်သီးဆွေးနွေးပွဲကနေ ရခဲ့တဲ့ သင်ခန်းစာတခုက ဒုတိယအကြိမ် ဆွေးနွေးပွဲ ပျက်တာမျိုး မရှိသင့်ဘူးဆိုတာပဲ ဖြစ်တယ်လို့ ကင်ယောင်ချူးက ဂျာနယ်လစ်တွေနဲ့ စကားဝိုင်း ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။

DVB

0 comments:

Post a Comment