Sunday, June 30, 2019

ပြည်သူချစ်အောင်နေသည့် တပ်မတော်ကိုသာမျှော်မှန်းဟု သူရဦးရွှေမန်း ပြော


ပြည်သူချစ်အောင်နေပြီး စစ်နိုင်အောင်တိုက်သည့်တပ်မတော်ကို မျှော်မှန်းကြောင်း သူရဦးရွှေမန်းက ပြောသည်။ 
  
ရန်ကုန်မြို့ရှိ MCC ခန်းမတွင် ဇွန်လ ၂၉ ရက်ကကျင်းပသော ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဝင်များနှင့် တွေ့ဆုံပွဲတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ 
“ တပ်မတော်အပေါ်မှာဘယ်လိုသဘောထားလဲဆိုရင် နိုင်ငံဂုဏ်ကိုမြင့်မားအောင်၊ နိုင်ငံတော်ရဲ့ကာကွယ်ရေးနဲ့ လုံခြုံရေးကိုဖျတ်လက်စွာဆောင်ရွက်နိုင်ပြီးတော့ ဒီနေ့ Standard Army ဖြစ်စေချင်တာပေါ့။ အဲဒီနည်းတူပဲ တို့များငယ်ငယ်တုန်းက ပြည်သူချစ်တဲ့တပ်မတော်၊ ဖြစ်လာအောင်တစ်နည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် ပြည်သူချစ်အောင်နေဖို့ ၊ စစ်ကိုနိုင်အောင်တိုက် ၊ ဒီလိုအနေအထားမျိုးကိုပဲမိမိအနေနဲ့မျှော်မှန်းပါတယ်’’ ဟု သူရဦးရွှေမန်းက ပြောသည်။ 
သူရဦးရွှေမန်းသည် ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီလက်ထက်တွင် ဗိုလ်ချုပ်ကြီး ရာထူးဖြစ်လည်းကောင်း၊ ၄င်းနောက် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌစသည့် ရာထူးတာဝန် အသီးသီးကို ထမ်းဆောင်ခဲ့သည်။ 
တပ်မတော်သည် ပြည်သူကိုကူညီပေးသည့်အဖွဲ့အစည်းဖြစ်ပြီး တိုင်းပြည်ကာကွယ်ရေး အစဉ်တစိုက် လုပ်ဆောင်ခဲ့ကာ တပ်မတော်ကို လူကြမ်းအဖြစ်မလုပ်ကြရန် မကြာသေးမီက နေပြည်တော် စစ်သမိုင်းပြတိုက်တွင် ကျင်းပသည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီသတင်းစာရှင်းလင်းပွဲတွင် ဒုတိယဥက္ကဋ္ဌဗိုလ်ချုပ်ထွန်းထွန်းညီမှ သတင်းမီဒီယာများသို့ပြောကြားခဲ့သည်။




မင်းသီဟန် ( အကုန်သိ သတင်းဌာန

0 comments:

Post a Comment