Sunday, June 30, 2019

ဒေါ်နယ်ထရမ့်နဲ့ ကင်ဂျုံအွန်း မြောက်ကိုရီးယားမှာ တွေ့ဆုံ


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တနင်္ဂနွေနေ့က မြောက်ကိုရီးယားကို ရောက်ရှိခဲ့ပြီး၊မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ 
အခုလို အမေရိကန်သမ္မတတစ်ဦး မြောက်ကိုရီးယားကို ပထမဆုံးအကြိမ် သွားရောက်တာဖြစ်ပါတယ်။ 
ခေါင်းဆောင်နှစ်ဦးဟာ တောင်မြောက်ကိုရီးယား နှစ်နိုင်ငံကြားက စစ်မဲ့ဇုံမှာ တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီနောက် ကင်ဂျုံအွန်းနဲ့ ဒေါ်နယ်ထရမ့်တို့ တောင်ကိုရီးယားဘက်ကိုလည်း သွားရောက်ခဲ့ကြပြီး သမ္မတ မွန်းဂျေအင်းနဲ့ တွေ့ဆုံပြီး ခတ္တခဏ စကားပြောဆိုခဲ့ကြလို့ ရှားရှားပါးပါး ခေါင်းဆောင်သုံးဦး တွေ့ဆုံတဲ့ ပွဲဖြစ်သွားခဲ့ပါတယ်။ 
အဲဒီနောက် ကင်ဂျုံအွန်းနဲ့ ဒေါ်နယ်ထရမ့်တို့ မြောက်ကိုရီးယားဘက်ကို ပြန်လာခဲ့ကြပြီး ဆွေးနွေးခဲ့ကြရာမှာ သောင်မတင် ရေမကျဖြစ်နေတဲ့ နျူကလီးယားဆိုင်ရာ ဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ သဘောတူညီခဲ့ကြပါတယ်။ 
ဒေါ်နယ်ထရမ့်နဲ့ ကင်ဂျုံအွန်း တို့ အခု တွေ့ဆုံမှုဟာ တတိယအကြိမ်ဖြစ်ပါတယ်။ 
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက ဗီယက်နမ်မှာ တွေ့ဆုံခဲ့ကြစဉ်ကတော့ နှစ်ဘက်ရပ်တည်ချက် အနေအထားက နီးကပ်မလာခဲ့ပါဘူး။ 

Photo: KCNA VIA KNS / AFP
RFA

0 comments:

Post a Comment