Thursday, June 27, 2019

အီရန်ထံမှ ရေနံစိမ်းအဝယ် ရပ်ပါက အိန္ဒိယ ရေနံအလုံအလောက်ရရန် အမေရိကန် အာမခံ


အိန္ဒိယအနေနဲ့ အီရန်အပေါ် ဒဏ်ခတ်မှုကို လိုက်နာပြီး ရေနံစိမ်းတွေ ဝယ်တာကို ရပ်မယ်ဆိုရင် ရေနံအလုံအလောက်ရဖို့ အာမခံမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုက ဇွန်လ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။ 
ကမ္ဘာ့တတိယအကြီးဆုံး ရေနံတင်သွင်းသူ အိန္ဒိယဟာ ၂၀၁၈ နိုဝင်ဘာကနေ ၂၀၁၉ မေလကြားမှာ တရက်ကို ရေနံစိမ်းစည် ၁ သိန်း ၈ သောင်း ၄ ထောင်လောက် အမေရိကန်ဆီကနေ ဝယ်ခဲ့ပါတယ်။ 

ဗင်နီဇွဲလားနဲ့ အီရန်ဆီကနေ ရေနံမဝယ်အောင် အမေရိကန်က အိန္ဒိယကို ဖိအားပေးနေတာပါ။ 

အမေရိကန်က အီရန်ကို နိုဝင်ဘာက စပြီး ဒဏ်ခတ်အပြီးမှာ အိန္ဒိယက အရှေ့အလယ်ပိုင်းကနေ ရေနံ ပုံမှန်ဝယ်နေရာက အမေရိကန်ဆီက ပိုတိုးပြီး ဝယ်ခဲ့တာကို သတင်းရင်းမြစ်တွေဆီက ရတဲ့ အချက်အလက်တွေက ပြထားပါတယ်။ 

အိန္ဒိယက ရုရှဆီကနေ S400 မြေပြင်က ဝေဟင်ပစ် ဒုံးကျည်စနစ်တွေ ဝယ်ယူရေး ရှေ့ဆက်မလုပ်အောင်လည်း အမေရိကန်က တွန်းအားပေးနေတယ်လို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ထားပါတယ်။

DVB

0 comments:

Post a Comment