Thursday, June 27, 2019

ထရမ့်ကို စိန်ခေါ်မည့် ဒီမိုကရက်တစ် သမ္မတလောင်းများ စကားစစ်ထိုးပွဲ ဆင်နွှဲ


၂၀၂၀ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်သမ္မတ ဒေါ်နယ်ထရမ့်ကို စိန်ခေါ်မယ့် ဒီမိုကရက်တစ် သမ္မတလောင်းတွေ ဇွန်လ ၂၆ ရက်နေ့က ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်လို့ ဝေဖန်ခဲ့ကြပါတယ်။ 
ဒီ အကြိတ်အနယ် စကားစစ်ထိုးပွဲမှာ သမ္မတ ထရမ့်ကို သူတို့ ရင်ဆိုင်နိုင်စွမ်းရှိတာ ပြသဖို့ ဒီမိုကရက်တစ် သမ္မတလောင်း ၁၀ ဦး ကြိုးစား ယှဉ်ပြိုင်ကြပါတယ်။ 
မိုင်ယာမီမြို့မှာလုပ်တဲ့ စကားစစ်ထိုးပွဲမှာ အောက်လွှတ်တော်အမတ်ဟောင်း ဘယ်တို အို ရော့ခ်ဟာ အိမ်ရာဝန်ကြီး ဂျူလီယန် ကတ်စ်ထရို၊ နယူးယောက်မြို့တော်ဝန် ဘီလ် ဒီဘလာစီယိုတို့နဲ့ မကြာခဏ စကားများခဲ့ပြီး အတော်လေး အဝေဖန်ခံရပါတယ်။ 
ရွှေ့ပြောင်းသူ ထိန်းသိမ်းရေးစခန်းတွေမှာ မိသားစုတွေကို ခွဲထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကတ်စ်ထရိုကနေ အိုရော့ခ်ကို ဝေဖန်ခဲ့တာပါ။ 
ကတ်စ်ထရိုက ရွှေ့ပြောင်းလာသူတွေနဲ့ နယ်စပ်မှာ ရာဇဝတ်မှု ပပျောက်အောင် လုပ်မယ်လို့ ပြောခဲ့ပါတယ်။ ကတ်စ်ထရိုက အိုရော့ခ်ကို ဝေဖန်ခဲ့ပြီး တခြားသူတွေက သူ့ကို ထောက်ခံခဲ့ပါတယ်။ 
ဒီမိုကရက်တစ် သမ္မတလောင်း ၁၀ ဦးစလုံးဟာ ထိပ်ဆုံးကပြေးနေတဲ့ ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင်နဲ့ အထက်လွှတ်တော်အမတ် ဆန်းဒါးစ်တို့ကြောင့် သမ္မတလောင်းပြိုင်ပွဲကနေ နုတ်ထွက်ရမယ့် အနေအထား ရှိနေပါတယ်။ 
ဂျိုးဘိုင်ဒင်နဲ့ ဆန်းဒါးစ်တို့ဟာ ဇွန်လ ၂၇ ရက်နေ့မှာ တခြားယှဉ်ပြိုင်သူ ၈ ယောက်နဲ့ စကားစစ်ထိုးပွဲ ဆင်နွှဲရမှာ ဖြစ်ပါတယ်။

DVB

0 comments:

Post a Comment