Friday, June 28, 2019

ဂျာမနီတွင် အပူလှိုင်းဖြတ်၊ ပြည်သူများ အပူဒဏ်ရှောင်ပြီး နေထိုင်


ဂျာမနီနိုင်ငံမှာ ဇွန်လ ၂၆ ရက်နေ့က အပူလှိုင်းဖြတ်ပြီး နေရာအတော်များများ အပူချိန် ၃၇ ဒီဂရီ ဆဲလ်စီးယပ်စ်ကျော် မြင့်တက်ခဲ့တဲ့အတွက် ပြည်သူတွေဟာ အပူဒဏ်ကိုရှောင်ပြီး နေထိုင်နေရပါတယ်။ 
အပူဒဏ်ကို ရှောင်တဲ့အနေနဲ့ လူတွေဟာ ဘွန်းနဲ့ မန်ဟန်းမြို့တွေက ရိုင်းမြစ်တလျှောက်မှာ ရေစိမ်ပြီး တချို့ကလည်း ရေပန်းတွေနားမှာ အပူရှောင်ကြပါတယ်။ 

ကျောင်းတွေ၊ အလုပ်တွေ မသွားရသူတွေကတော့ သူတို့တွေ ရေနဲ့ နီးနီးနားနား နေရသရွေ့ အပူဒဏ်ကို မမှုဘူးလို့ ဆိုကြပါတယ်။ 

အပူရှောင်သူတဦးဖြစ်တဲ့ ကတ်သာရီနာ ယိုးနက်စ်က “ကျမတို့ ဒီရောက်နေတာ ၃ နာရီလောက်ပဲ ရှိပါသေးတယ်။ မနက် ၉ နာရီခွဲကတည်းက ရောက်နေတာလေ။ ပူလာရင် ပိုအေးတဲ့ အိမ်မှာပဲ ပြန်နေတော့မယ်။ တခုခုစားပြီး အိမ်ထဲကအိမ်ပြင် မထွက်တော့ဘူး” လို့ ပြောပါတယ်။ 

ကြက်ခြေနီဝန်ထမ်း မာရန် ရှူးဘဲက “လူနာအုပ်စုက သက်ကြီးရွယ်အို၊ ကလေးသူငယ် စသည်ဖြင့် အမျိုးမျိုးရှိကြတယ်။ များသောအားဖြင့် သူတို့တွေ ပွပြီး ချောင်တဲ့အဝတ်တွေ မဝတ်တဲ့အခါမျိုး၊ ခေါင်းဆောင်းမဆောင်းတဲ့ အခါမျိုးမှာ နေရောင် တိုက်ရိုက်ထိပြီး တခုခု ဖြစ်တတ်ပါတယ်။ အဲဒီအခါမျိုးမှာ ခန္ဓာကိုယ်မှာ အပူတွေစုပြီး အပူရှပ်တတ်ပါတယ်” လို့ ပြောပါတယ်။ 

ဖရန့်ဖတ်မြို့မှာ အပူဒဏ်ကြောင့် ထိခိုက်သူတွေကို ဝန်ထမ်းတွေက ကူညီပေးနေပါတယ်။ ဘာလင်မြို့က လူတယောက်ကတော့ အဲကွန်းရှိတဲ့ နေရာတွေမှာ အချိန်ကြာကြာနေပြီး အပူဒဏ်ကဝေးအောင် နေတယ်လို့ ဆိုပါတယ်။

DVB

0 comments:

Post a Comment