Thursday, June 27, 2019

ရေပုတ်ကြီးကျေးရွာမှကလေးများ ပညာရေးကို ဆုံးခန်းတိုင်အောင်သင်ကြားရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း


ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာက ကျောင်းနေအရွယ်ကလေးတွေ ပညာရေးကို ဆုံးခန်းတိုင်အောင်သင်ကြားကြဖို့နဲ့ မိဘတွေကလည်း ကလေးတွေရဲ့ ပညာရေးကို မြှင့်တင်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ 
  
ဇွန်(၂၇)ရက်က မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ 
ရေပုတ်ကြီးကျေးရွာက ကလေးအများစုဟာ (၄)တန်းအထိသာ ပညာသင်ကြားကြတာများလို့ အဲဒီလိုတိုက်တွန်းခဲ့တာပါ။ အဲဒီတွေ့ဆုံပွဲမှာ ဒေသခံပြည်သူတွေရဲ့လိုအပ်ချက်တွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးဆိုင်ရာ လိုအပ်ချက်တွေ အကြောင်းကိုလည်း ဆွေးနွေးခဲ့ပါတယ်။ 
ဒေသခံတွေကလည်းလိုအပ်နေတဲ့ ဒေသဖွံ့ဖြိုးရေးဆိုင်ရာတွေကိုကဏ္ဍအလိုက်တင်ပြခဲ့ပါတယ်။ 
ဒါ့အပြင် ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စီးပွားရေးနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ မေးမြန်းမှုကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြန်လည်ဖြေကြားခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံပွဲကို ရေပုတ်ကြီးကျေးရွာဒေသခံတွေအပြင် အနီးတဝိုက်ကကျေးရွာတွေ၊ မင်းဘူး၊ ပွင့်ဖြူစတဲ့မြို့နယ်တွေက ဒေသခံပြည်သူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ 


သတင်း - စိုးစိုးဦး
One News Myanmar 

0 comments:

Post a Comment