Wednesday, June 26, 2019

အမျိုးသမီးအလုပ်သမားတွေကို မဲခေါင်စီးပွားရေးဇုံက ကူညီမည်


အမျိုးသမီးနေရပ်ရွှေ့ပြောင်းအလုပ်သမားတွေ ဂုဏ်သိက္ခာရှိရှိ လုပ်ကိုင်ရအောင် အထောက်အကူပေးမယ်လို့ မဲခေါင်ဒေသ အထူးစီးပွားရေးဇုံက အာမခံလိုက်ပါတယ်။ 
မဲခေါင်ဒေသ ရွှေ့ပြောင်းအထည်ချုပ် လုပ်သားတွေနဲ့ ပတ်သက်တဲ့ အထူးစီးပွားရေးဇုံ အလုပ်အကိုင်များဆိုတဲ့ အစီရင်ခံစာ တစ်စောင်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဇူလိုင်လ သုံးရက်နေ့မှာ မထုတ်ပြန်ခင် မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြတာပါ။ 
MMN မဲခေါင်ဒေသ နေရပ်ရွှေ့ပြောင်းသူများ ကွန်ရက်နဲ့ AIT- အာရှ နည်းပညာ တက္ကသိုလ်က အစီရင်ခံစာ ထုတ်ပြန်မှာဖြစ်ပြီး ကမ္ဘောဒီးယား၊ မြန်မာနဲ့ ထိုင်းနိုင်ငံတွေမှာရှိတဲ့ အထူးစီးပွားရေးဇုံတွေက အလုပ်သမားရေးရာနဲ့ နေရပ်ရွှေ့ပြောင်းရေးရာ ကိစ္စရပ်တွေကို သုတေသန လုပ်ထားတာတွေကို ဖော်ပြထားပါတယ်။ 
အထူးသဖြင့် အထည်ချုပ်လုပ်ငန်းတွေအကြောင်း ဦးစားပေး သုတေသနလုပ်ထားတာဖြစ်ပါတယ်။ 
အစီရင်ခံစာ မထုတ်ပြန်ခင် အထူးစီးပွားရေးဇုံ စီမံခန့်ခွဲရေး အဖွဲ့တွေ၊ ကုလသမဂ္ဂ အဖွဲ့စည်းတွေ၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ လုပ်ငန်းရှင် အသင်းတွေ၊ အစိုးရ ကိုယ်စားလှယ်တွေ၊ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံက အရပ်ဖက်အဖွဲ့အစည်းတွေဟာ ဇွန်လ ၂၀ ကနေ ၂၁ ရက်ထိ ဘန်ကောက်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ 
အဲဒီဆွေးနွေးပွဲမှာ သီလဝါစီးပွားရေးဇုံက နေရပ်ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကလေးတွေ စောင့်ရှောက်ရေး သုံးနှစ်စီမံကိန်းနဲ့ ပတ်သက်ပြီး သီလ၀ါအထူးစီးပွားရေးဇုံ စီမံခန့်ခွဲရေးကော်မတီ တွဲဖက်အတွင်းရေးမှုး-၁ ဒေါက်တာ သန်းသန်းသွယ်က တင်ပြခဲ့ပါတယ်။ 

Photo: Manan VATSYAYANA / AFP
RFA

0 comments:

Post a Comment