Sunday, June 30, 2019

ဇူလိုင် ၁ ရက်နေ့ ဖွင့်မယ့်ထီမှာ အပိုအဖြစ် ကျပ် သိန်း ၂၅၀၀ ဖိုး ချီးမြှင့်ခဲ့


လာမယ့် ဇူလိုင်လ (၁) ရက်နေ့မှာ ဖွင့်လှစ်ပေးမယ့် ၅ ကြိမ်မြောက် အောင်ဘာလေ သိန်းထီ ဖွင့်ပွဲမှာ အရင် ထီဖွင့်ပွဲတွေတုန်းက လာရောက် ထုတ်ယူခြင်း မရှိပဲ ဘဏ္ဍာသိမ်း ဖြစ်ခဲ့တဲ့ ငွေတွေထဲက ကျပ် သိန်းပေါင်း ၂၅၀၀ ကို အပိုဆုတွေအဖြစ် ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။
 ပြည်တွင်း အခွန်များ ဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲက ကြေငြာခဲ့တာ ဖြစ်ပြီး အခုလို အပို ချီးမြှင့်တာဟာ ဒါ ပထမ ဦးဆုံး အကြိမ် ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ အောင်ဘာလေ သိန်းဆု ဌာနခွဲဟာ ထီလက်မှတ် ရောင်းရငွေ စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းကိုသာ ဆုငွေအဖြစ် ခွဲဝေပေးနေတာပါ။ 
အခုတစ်ခေါက် အတွက် ထီလက်မှတ်ရောင်းချရာမှာ ထီလက်မှတ်ပေါင်း ၁ သန်း ၉ သိန်းနီးပါး မရောင်းရပဲ ကျန်ခဲ့ပေမယ့် အရင်တစ်လ က ကျန်ခဲ့တဲ့ ထီလက်မှတ် ၅ သန်းခွဲကျော်နဲ့ နှိုင်းယှဉ်ရင် အများကြီး လျော့နည်းသွားတာ တွေ့ရပါတယ်။ ထီလက်မှတ် ရောင်းချရငွေမှာလည်း ကျပ်ငွေ ၃၁ ဘီလျံကျော် ဖြစ်တာမို့ ၄ ကြိမ်မြောက်တုန်းက ဘီလျံ ၃၀ ကျော်ဖိုးထက် တိုးတက် ရောင်းချလာနိုင်တာ တွေ့ရပါတယ်။ အခုထီဖွင့်ပွဲမှာ ကျပ် သိန်း တစ်သောင်းခွဲ၊ ကျပ် သိန်း တစ်သောင်းဆု နဲ့ အခြားဆုတွေ အပါအ၀င် အပိုဆု ကျပ် သိန်းပေါင်း ၂၅၀၀ ဖိုး ချီးမြှင့်မှာ ဖြစ်ပါတယ်။ 

၅ကြိမ်မြောက် အောင်ဘာလေထီဆုဖွင့်ပွဲ 
====================== 
ကျပ်သိန်း တစ်သောင်းခွဲဆု 
င ၉၂၈၁၇၇ 
ကျပ်သိန်းတစ်သောင်းဆု 
ကခ ၆၈၇၉၈၄ 
ကျပ်သိန်း ၅၀၀၀ ဆု 
ခ ၂၄၅၈၀၀ 
ဈ ၃၀၁၉၇၉ 
ကျပ်သိန်း ၂၀၀၀ ဆု 
ခ ၃၅၉၁၉၁ 
ဃ ၇၃၀၅၅၇ 
ပ ၁၈၁၂၄၄ 
ဍ ၅၃၂၀၉၂ 
ကျပ်သိန်း ၁၀၀၀ ဆု 
တ ၆၀၄၂၇၇ 
ရ ၅၅၁၂၇၅ 
ကဆ ၅၀၈၁၂၆ 
မ ၅၀၉၂၄၈ 
မ ၆၆၁၄၇၆ 
ဍ ၄၁၁၉၆၇ 
တ ၇၆၅၃၈၃ 
ကက ၅၅၁၃၀၀ 
ကျပ် သိန်း ၅၀၀ ဆုမဲများ 
တ ၆၅၇၃၈၃ 
ကဆ ၉၉၃၅၅၂ 
လ ၆၇၀၅၁၂ 
ဈ ၆၆၉၄၉၀ 
ထ ၉၃၃၁၀၈ 
ဍ ၇၅၁၁၄၁ 
ဆ ၅၇၃၃၄၂ 
ခ ၄၄၉၃၈၇ 
ဈ ၅၁၇၂၁၀ 
အ ၁၀၈၁၃၅ 
ဏ ၉၄၉၉၄၃ 
ကက ၉၈၁၃၁၀

One News Myanmar 


0 comments:

Post a Comment